ထိုနောက် ရှောင်လုံက နတ်ဓားသိုင်းကျမ်းကိုလေ့ကျင့်ဖို့အတွက် သိုင်ကျမ်းစာအုပ်ကိုအပြင်ဘက်သို့ ခေါ်ထုတ်လိုက်သည် ။ ရှောင်လုံရဲ့ နတ်လက်စွပ်လေးက
အလင်းတန်းတွေဖြင့် တောက်ပလာပြီး နတ်ဓားသိုင်းကျမ်းစာအုပ်ထွက်ပေါ်လာပါသည်။ အခုဆိုရင်ရှောင်လုံက နတ်ဓားသိုင်း၏ ဆဋ္ဌမ သိုင်းကွက်ဖြစ်သော ပြန်လည်မွေးဖွားခြင်းမျက်လုံး သိုင်းကွက်ကိုကျွမ်းကျင်ပိုင်နိုင်သူအဆင့်ထိအောင် လေ့ကျင့်နိုင်ခဲ့ပြီပဲ ဖြစ်သည်။

ထိုကြောင့် အခုအချိန်အခါက ရှောင်လုံအတွက် နောက်ထပ်သိုင်းကွက်အသစ်တခုကို လေ့ကျင့်ရမည့် အချိန်ပင်ဖြစ်သည်။ ရှောင်လုံကနတ်ဓားသိုင်းကျမ်း၏
သတ္တမမြောက်သိုင်းကွက်ကိုညလေ့ကျင့်ဖို့ လေ့လာလိုက်ကြသည် ။

".... ငရဲဘုရင်၏နှောင်ကြိုး သိုင်းကွက်ပါ.... "

ရှောင်လုံက သတ္တမသိုင်းကွက်၏ နာမယ်ကိုအကျယ်ကြီး ရေရွတ်မိလိုက်သည်။ ရှောင်လုံက ထိုသိုင်းကွက်ကိုမလေ့ကျင့်မှီ သိုင်းကွက်လေ့ကျင့်နေစဉ်မှာ ဆသသေချာချာ နားးလည်ထားရမယ့်သိုင်းကွက်၏ အသေးစိတ်ညွန်းကြားချက်သေသေချာချာနားလည်အောင် ခေါင်းထဲရိုက်သွင်းထားလိုက်သည်။ ထိုသို့ သိုင်းကွကအတွက် ညွန်ကြားချက်တွေအပြင် သိုင်းကွက်ကိုအသုံးပြုနေစဉ်အသုံးပြရမည့် အသက်ရှုလေ့ကျင့်ခန်းတွေကိုပါ သေသေချာချာမှတ်သားထားလိုက်သည်။
ခနလေယက်မှတ်သားပြီးတဲ့နောက် ရှောင်လုံက သူမျက်လုံးကိုမှိတ်ကာ သိုင်းကွက်ကျမ်းထဲက ညွှန်ကြားထားသည့်အတိုင်း စိတ်နှင့်အရင်ဆုံးကစားကြည့်လိုက်ပါသည် ။ ထိုနောက် သူစိတ်ထဲမှာ ထပ်ခယထပ်ခါလေ့ကျင့်ကြည့်နေသည် ။

နာရီပေါင်းအတော်ကြာသွားပြီးတဲ့နောက်မှ ရှောင်လုံမျက်လုံးတစုံပြန်ဝင်လာတော့သည်။ သူခန္ဓာကိုယ်စတင်လှုပ်ရှားချိန်မှာတော့ နတ်ဓားနှစ်လက်ကလဲ သူ့လက်ထဲသို့ အလိုလို ရောက်ရှိနေပြီဖြစ်သည်။ ရှောင်လုံက နတ်ဓာူနှစ်လက်ကိုကိုင်ဆွဲကာ လေထဲသို့ ခုန်ပျံရင်း အရှေ့ဘက်သို့ ခုတ်ပိုင်းကြည်လြိုက်သည်။

ရှောင်လုံရဲ့ ခုတ်ပိုင်းမှုကနေ မွှတ်နေအောင်လည်ပတ်နေသော ဓားအရိပ်ပေါင်းများစွာဖြစ်ပေါ်လာကြသည် ။ ထိုဓားအရိပ်တွေက အဆိပ်ပြင်းသောမြွေတကောင်လို့.... ဒေါသထွက်နေသောနဂါးတကောင်ကဲ့သို့ ချိတ်ဆက်နေသည့် ကြက်သွေးရောင် သံကြိုးတစုံအဖြစ်သို့ပြောင်းလဲသွားသည်။ ထိုချိန်ကြိုးဖြတ်သန်းသွားသည့် လေထဲတလျှောက် အပေါက်အပေါက်တွေများစွာ ဖြစ်ပေါ်လာသည် ။ 

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now