. တကယ်ဆိုရင် ကန်ခမ်းကဲ့သို့ ရည်ရွယ်ချက်ကြီးမားပြီး အာဏာကိုမက်မော်ကြသူတွေက သေရမှာကို သာမန်လူတွေထက်ပိုပြီးကြောက်လန့်ကြသည်။

.ရှောင်လုံခန့်မှန်းလိုက်သည့်အတိုင်း သိပ်မကြာခင်မှာပဲကန်ခမ်းက သစ္စာခံဖို့ ဆုံးဖြတ်လိုက်သည်။

"... ကောင်းပြီ ငါမင်းဆီမှာ သစ္စာခံပါ့မယ်....  ငါမင်းခိုင်းတာကို ပူးပေါင်းပြီးလုပ်ပေးပါ့မယ်... "

ကန်ခမ်း သစ္စာခံဖို့ ရွေးချယ်လိုက်တာကိုမြင်တော့မှတုရှင်းနှင့် တန့်ကွမ်းလျန်တို့နှစ်ယောက် သူတို့ရင်ထဲက စိတ်တင်းကျပိနေတာတွေ လျော့ကျကုန်သည်။

ကောင်းကင်ဘီလူးဂိုဏ်းအတွင်းမှာ ကန်ခမ်းရဲ့ လွှမ်းမိုးမှုကအရမ်းကိုနက်ရှိုင်းသည် ။ သူ ရှောင်လုံလက်ကိုလာဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ရှောင်လုံရည်ရွယ်ထားသည့် ကောင်းကင်ဘီလူးဂိုဏ်းကိုသိမ်းပိုက်ချင်သော ဆန္ဒတွေပြီးမြောက်အောင်မြင်ဖို့ ပို၍နီးစက်လာသည်။

ရှောင်လုံကိုယ်တိုင်လဲကျိတ်ပြီးသက်ပြင်းချလိုက်သည်။ ကန်ခမ်းကသာ သူ့ဆီမှာ သစ္စာမခံပဲ နောက်ဆုံးအချိန်အထိ ခေါင်းမာနေခဲ့မယ်ဆိုရင် ရှောင်လုံအနေနဲ့ တခြားရွေးချစ်စရာနည်းလမ်းမရှိပေ... ။ အမှိုက်ကစ ပြသာဒ်ကြီးပာ မီးမလောင်သွားအောင်လို့ မီးကျွင်းမီးကျန်တွေအကုန်လုံးကို ငြိမ်းသတ်ပစ်ရမှာမဟုတ်ပာလား  ..။ ဒါပေမယ့် ကန်ခမ်းကိုသတ်လိုက်ခြင်းက ရှာင်လုံအတွက်တော့ကြီးစွာသော ဆုံးရှုံးမှုကြီးတရပ်ဖြစ်လာနိုင်သည်။

နောက်ပြီး ကောင်းကင်အဆင့်၇ သိုင်းသမားဆိုတာက ကောင်းကင်ဘီလူးဂိုဏ်းအတွက်တော့ အတော်လေးအရေးပါအရာရောက်သည် ။ ရှောင်လုံက ကောင်းကင်ဘီလူးဂိုဏ်းကို ခုတုံးအဖြစ်အသုံးချကာ သွေးမျိျုေကျာင်းကိုလဲ သိမ်းပိုက်ရန်ရည်ရွယ်ထားသည်။ ထိုကြောင့် ကန်ခမ်းအသက်ရှင်နေခြင်းက သေသွာထက်ပိုပြီး တန်ဖိုးရှိပါသည်။

"... ကောင်းပြီ... အဲ့ဒါဆို အခုခင်ဗျားရဲ့ စိတ်ဝိညာဉ်ပင်လယ်ကို ဖွင့်လိုက်  ...ကျုပ်ကခင်ဗျားရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ အမှတ်အသားလုပ်မယ်....

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now