ဤနှစ်ပိုင်းတွေအတော်အတွင်း ရှောင်လုံအနေဖြင့် သူသိုင်းလေ့ကျင့်ရာမှာအဓိကလိုအပ်သော စွမ်းအင်ဖြစ်သည့် သွေးချီဓတ်စွမ်းအင်တွေရှားပါးမှုကြောင့် နတ်ဆိုးလက်သည်းသိုင်းကို လေ့ကျင့်ရန်အခွင့်မသာခဲ့ပေ ...။ နတ်ဆိုးလက်သည်းသိုင်း၏စွမ်းဆောင်ရည်ကလဲ ကြောက်စရာကောင်းအောင်ထက်မြက်လှသည် ။ နတ်ဆိုးလက်သည်းသိုင်း၏ သိုင်းကွက်တခုချင်းဆီကလဲ ကမ္ဘာကြီးတခုလုံး လှုပ်ခါသွားစေမတတ် ပြင်းထန်ကြသည် ။  နတ်ဆိုးလက်သည်းသိုင်းကွက်ထဲကမှ မည့်သည့်သိုင်းကွက်ကိုမဆို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပြီဆိုရင် သိုင်းကွက်ကိုထုတ်သုံးလိုက်သည်နှင့် သိုင်းကွက်မှ ထွက်လာသော တိုက်ပွဲစွမ်းအားက ရှောင်လုံအခုလေ့ကျင့်လျက်ရှိသော နတ်ဓားသိုင်းထက် ပိုမိုစွမ်းအားပြင်းထန်သည်။

ရှောင်လုံလဲ တုန့်ဆိုင်းမနေတော့ပဲ နတ်ဆိုးလက်သည်းသိုင်းကျမ်းထဲမှာ ဖော်ပြထားသည့် ပုံစံအတိုင်း သွေးချီဓတ်စွမ်းအားတွေကိုစတင်စုပ်ယူဖို့ ကြိုးစားလိုက်သည်။ သူ့လက်ဆယ်ချောင်စလုံးကို လက်သည်းပုံစံစုသည်းလိုက်ပြီး သွေးဝိညာဉ်တိမ်တိုက်တွေတည်ရှိရာ ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်၏ ။

ရှောင်လုံလက်တွေကောင်းကင်သို့ဆန့်တန်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပဲ သွေးဝိညာဉ်တိမ်တိုက်ဆီကနေ အနီရောင်စီးကြောင်းတွေက ရှောင်လုံလက်ရှိရာဆီသို့ စီးမျောလာကြသည်။ စီးဆင်းလာသောအနီရောင်သွေးစ်ီးကြောင်းတွေက ရှောင်လုံလက်ထဲကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက်ဆုံးမှာတော့ သွေးကြောတွေထဲအထိ ရောက်ရှိသွားကြသည်။

ရှောင်လုံက သူ့လက်နှစ်ဖက်ကို လက်သည်းပုံသဏ္ဍာန်စုစည်းကာ လေဟာနယ်ထဲသို့ တချက်ကုတ်ဆွဲလိုက်သည်။

နတ်ဆိုးလက်သည်းသိုင်းကိုထုတ်သုံးလိုက်သည်နှင့် ရှောင်လုံလက်သည်းနှစ်ခုဆီကနေ ကြောက်မက်ဖွယ်ရာအော်မြည်သံကြီးတွေထွက်ပေါ်လာလေသည်။
ထိုနောက် ရှောင်လုံလက်သည်းရာကြီးကလေဟာနယ်ကို ဆုတ်ဖြဲကာ အဝေးတနေရာမှာရှိနေသော တောင်နံရံတခုပေါ်သို့ကျရောက်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now