စစ်သည်ပေါင်းများစွာ၏ မာန်သွင်းအော်ဟစ်မှုတွေ ၊ နာကျင်စွာညည်းညူသံတွေ ၊ ဒေါသတကြီး အော်ဟစ့်ကိမ်းမောင်းသံတွေက မိုင်ပေါင်းများစွာထိအောင် ပျံလွင့်နေ၏ ။ ထိုစစ်တပ်နှစ်ခု၏ ပြင်းထန်သော တိုက်ခိုက်မှုတွေကြောင့် ကောင်းကင်ကြီးတခုလုံးတောင်မှ သိမ့်သိမ့်တုန်အောင် မည်ဟိန်းလာသည် ။

သေဆုံးခြင်းအရောင်အဝါတွေနဲ့ ဆိုးရွားသော သွေးညှီနံတွေစုပေါင်း၍ ကောင်းကင်ယံထက်မှာ သွေးနီရောင် ဝိညာဉ်တိမ်တိုက်တွေဖြစ်တည်လာကြသည် ။

  အနီအနားရှိ အင်ပါရာနိုင်ငံတွေက ဘတ်လန်းဒေသကို ဘေးမဲ့ပေးထားကြပေမယ့် ဘတ်လန်းနယ်မြေအတွင်းမှာလဲ မတူညီသောအင်အားစုပေါင်းများစွာထိန်းချုပ်ထားကြသည့် မြို့ပေါင်းတသောင်းကျော် ရှိသည် ။ ကြီးမားသောအင်းအားစုတွေဆိုရင် နှစ်မြို့သုံးမြို့အထိကို ထိန်းချုပ်ထားကြသည်။

ဘတ်လန်းဒေသအတွင်းက ထိပ်တန်းမိသားစုကြီးတွေကတော့ ဆယ်မြို့ထက်မနဲသော မြို့ပေါင်းများစွာကို ကိုင်တွယ်အုပ်ချုပ်ကြသည် ။

မြို့နှစ်မြို့ကြားမှာဖြစ်ပွားကြသော အားပြိုင်မှုတိုက်ပွဲတွေက ဘတ်လန်းဒေသမှာတော့ အမြဲလိုလို မြင်တွေ့နေရသော ကိစ္စတခုပင်ဖြစ်သည် ။ ဒီနေ့အတွက် ဒီမြို့ကို မိသားစုတခုကအုပ်ချုပ်မင်းလုပ်ကြပေမယ့် နောက်တနေ့နေမထွက်ခင်မှာပဲ အုပ်ချုပ်သော မိသားစုကပြောင်းလဲသွားလေ့ရှိသည် ။

ထိုကြောင့် ရှောင်လုံက ပြင်းထန်သောတိုက်ပွဲကို မြင်တွေ့နေရပေမယ် သူစိတ်ထဲမှာ ကြိုတင်တွက်ဆထားသောကြောင့် သိပ်ပြီးထူးဆန်အံသြခြင်းတော့မဖြစ်ပေ ..။ ဘတ်လန်းနယ်မြေအတွင်း တိုက်ပွဲတွေဖြစ်ပွားကြတာက ထူးဆန်းသောကိစ္စတွေမှ မဟုတ်ပဲလေ ..။

ကောင်းကင်ယံထက်မှာဖြစ်တည်နေသော သေဆုံးခြင်းအရောင်အဝါတွေနှင့် သွေးဓတ်စွမ်းအင်တွေကနေ ဖြစ်တည်လာသော ဝိညာဉ်တိမ်တိုက်တွေကိုကြည့်ရင်း ရှောင်လုံခေါင်းထဲမှာ အကြံတခုရုတ်တရက်ပေါ်ပေါက်လာသည် ။

ဝိညာဉ်တိမ်တိုက်ဆိုတာက သိပ်သည်းသော သွေးချီဓတ်စွမ်အားတွေစုပေါင်းခြင်းဖြင့် ဖြစ်ပေါ်လာသောအ
ရာတခုဖြစ်သည် ။ သွေးချီဓတ်စွမ်းအင်ဆိုတာကလဲ ရှောင်လုံသူ့ရဲ့ နတ်ဆိုးလက်သည်းသိုင်းကို လေ့ကျင့်နိုင်ဖို့ရာ အဓိကလိုအပ်နေသည့် စွမ်းအင်တခုပင်ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now