"... ငါတို့ သွားကြစို့ ..."

ဘုရင်ဒေါင်ရမ်နှင့် ဂိုချန်တို့ယောက်လာတာကိုမြင်တော့ ကျန်းဖူနှင့် တိုက်ပွဲဖြစ်နေသည့် လီမိုလင်က ကျောင်းရှုအနောက်သို့ ဆုတ်သွားစေရန်အတွက်ကျောင်းရှုဆီသို့ ပြင်းထန်သောလက်ဝါးတခုရိုက်ထုတ်လိုက်သည် ။ပြင်းထန်သောလက်ဝါးရိုက်ချက်ကိုရိုက်ထုတ်ပြီးတဲ့နောက်လီမိုလင်က သူမရဲ့  တခြားအဖွဲ့သားတွေကို နောက်ဆုတ်ဖို့  အော်ဟစ်အမိန့်ပေးလိုက်သည်။

ကျန်းဖူက လီမိုလင်၏ လက်ဝါးရိုက်ချက်ကိုနယနောက်မဆုတ်ပဲ ထိပ်တိုက်ရင်ဆိုင်ခိုက်သည် ။

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပျောက်ကွဲသံကြီးနှင့်အတူ ထွက်ပေါလာသည့် ပြင်းထန်သော ပြန်ကန်မှုအားကြောင့် နှစ်ယောက်လုံးက အနောက်ဘက်သို့ ဆုတ်လိုက်ကြရသည်။ လီမိုလင်က ထိုအခွင့်အရေးက အမိအရဖမ်းဆုတ်ရင်း လေဟာနယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည် ။

ယောင်မိသားစုဘိုးဘေ ယောင်ရှန် နှင့်အတူ နတ်ဘုရားကျောင်းတော်လက်က တခြားအကြီးအကဲသုံးယောက်ကလဲ လီမိုလင်နည်းအတိုင်းလုပ်ဆောင်လိုက်ကြသည်။ သူတို့သုံးယောက်စလုံးက အားကုန်ထုတ်ကာ ကျောင်းရှုဆီသို့ လက်ဝါးတွေပြိုင်တူရိုက်ထုတ်လိုက်ကြသည်။ ကျောင်းရှုကို အနောက်ဘက်သို့ ရှောင်တိမ့်စေပြီးသည့်နောက် သူတို့သုံးယောက်စလုံးကလဲ လိမိုလင်နည်းတူ ရှောင်လုံတို့အရှေ့ဘက်ကနေ ပျောက်ကွယ်သွာတော့သည် ။

သူတို့လေးယောက်စလုံး ပျောက်ကွယ်သွားပီးချိန်မှ ဒေါင်ရမ်နှင့် ဂိုချန်တို့ရောက်ရှိလာသည် ။ သူတို့အကုန်လုံးရဲ့ မျက်နှာထားတွေက အေးစက်မာကျောပြီးတည်ငြိမ်နေ၏ ။  သူတို့ကိုကြည့်ရတာ သိပ်မကြာခင်မှာပေါက်ကွဲထွက်လာတော့မည့် မီးတောင်ကြီးတွေနှင့် တူညီနေသည် ။ အထူးဒေါသထွက်နေသည့်သူကတော့ ဂိုချန်ပင် ။ သွေးအိုင်ထဲမှာ အတုံးအရုံး လဲကျနေကြသော သူရဲ့ ဂိုမိသား စုဝင်တွေကိုကြည့်ရင်း ဂိုချန်မျက်နှာထားက မဲမှောင်ရှုံ့မဲနေလေသည်။

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၄၁ (B)

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now