ကြည်လင်တောက်ပနေသော ကျောက်တုံးလေးအတွင်းမှာ ရှိနေသည့် အမျိုးအမည်မသိသော ခပ်ဖျော့ဖျော့စွမ်းအင်တခုက ရှောင်လုံရင်ကိုတောင် တဆတ်ဆတ်ခုန်လာစေသည်။

"... အရှင်မင်းကြီး... ဒါ..ဒါက...!"
ရှောက်လုံက ရှီဖန်ထျန်လက်အတွင်းက ဝိညာဉ်ကျောက်တုံးကိုကြည့်ရင်း တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

ကောင်းကင်အဆင့်ကိုရောက်ရှိနေသည့် ဝိညာဉ်ကျောက်တုံးတတုံး၏ တန်ဖိုးက မသေးလှပေ.. ။ ရှိဖန်ထျန်ကတော့ သာမန်ပုံစံဖြင့် လက်ယမ်းပြလိုက်ပြီး
"...အရှင်မင်းကြီးဆိုတာက စိမ်းကားလွန်းပါတယ်ကွာ...  ငါကို ဆရာတူအကိုကြီးလို့ ခေါ်စမ်းပါ... "

ဆရာတူအကို.... ? ရှောင်လုံလဲ ကြားကြားချင်းကြက်သေသေသွား၏ ။ ရှိဖန်ထျန် အစောပိုင်းက ရည်ညွန်းခဲ့သည့် သူ့ကိုဆရာတူညီအဖြစ်သတ်မှတ်တယ်ဆိုတာကို ရှောင်လုံက ရှိဖန်းထျန်က စစတွေ့ခြင်းမှာ ဖော်ဖော်ရွေရွေပြောခဲ့တယ်လို့သာထင်ခဲ့ခြင်းဖြစ်သည်။
ဒါဆို... သူပြောနေတာက တကယ်ပဲပေါ့.....!

"...ဆရာတူအကို... "
ရှောင်လုံက အတော်ကြာအောင်တိတ်ဆိတ်သွားပြီးမှ ခေါ်လိုက်သည်။ ရှိဖန်ထျန်းကိုယ်တိုင်ကိုက အခုလောက်အထိတိုက်တွန်းနေမှတော့ ရှောင်လုံက ငြင်းဆန်နေအုံးမယ်ဆိုရင် ရိုင်းရာကျတော့မှာလေ... ။ ဘာပဲ ဖြစ်ဖြစ်ရှိဖန်းထျန် သူ့ဆရာတူအကို ဖြစ်လာတာက ရှောင်လုံသာအနာဂတ်မှာ မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံအတွင်း အခြေချနေထိုင်ချင်တယ်ဆိုရင် သူ့့အတွက်အရမ်းကိုအဆင်ပြေသွားတော့မှာပဲ ဖြစ်သည်။

ရှောင်လုံက သူ့ကိုဆရာတူအကိုလို့ခေါ်လိုက်တာမြင်တော့ ရှိဖန်းထျန်က ပြုံးလိုက်ပြီး
".... စည်းမျဉ်စည်းကမ်းတွေအရတော့ မင်းငါ့ညီကနေ လိုချင်တာတခုတောင်းဆိုလို့ရတယ်...  ငါတတ်နိုင်တဲ့ဟာဆိုရင် မင်းလိုချင်တာကဘာပဲ ဖြစ်ဖြစ် ငါမင်းကိုဖြည့်ဆည်းပေးမယ်.."

ရှောင်လုံက ခနလောက်စဉ်းစားဟန်ပြပြီး
"... ကျွန်တော်ဗုဒ္ဓလှိုဏ်ဂူကြီးထဲကိုဝင်ချင်ပါတယ်.."

ရှောင်လုံအခုလိုမျိုးတောင်ဆိုလာမယ်လို့ မထင်ထားမိသော ရှိဖန်းထျန်က ရှောင်လုံစကားကိုကြားတော့ အနဲငယ်မှင်သက်သွားပြီး
".... မင်းက ဗုဒ္ဓလှိုဏ်ဂူကြီးထဲကိုဝင်ချင်လို့ ဟူတ်လား...?"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now