အခုမြေအောက်လျှို့ဝှက်ခန်းအတွင်းကနေ ထွက်လာသူ၏ မျက်နှာက အသက်နှစ်ဆယ်ဝန်ကျင်လူငယ်တယောက်ကဲ့သို့နုပျိုနေပြီး ထူးခြားတာဆိုလို့ သူဆံပင်တွေကငွေရောက်သန်းနေတာပဲရှိသည်။ လူငယ်ကနူးညံပျော့ပျောင်းသော ငွေရောင်ပိုးအကျီကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ကနေ ကြီးကျယ်ခမ်းနားသော ကိုယ်ရောင်ကိုယ်ဝါတွေထွက်ပေါ်လျက်ရှိသည်။

အခုဆံပင်ငွေရောင်နှင့်လူငယ်ကတော့ တခြားသာမဟုတ် ဂိုအိမ်တော်ကိုစတင်တည်ထောင်ခဲ့သူပဲ ဖြစ်သည်။
သူ့နာမယ်က .....ဂိုချန် .......!

ဂိုချန်က ယောင်ယောင်လေးပြုံးရင်း သူ့ကိုဂုဏ်ပြုစကားဆိုလာကြသည့် လူတွေကို လှည့်ပတ်အကဲခတ်လိုက်၏ ။ သူကနောက်ဆုံးမှာတော့ ခေါင်းညိတ်ပြရင်း
".... မင်းတို့အကုန်လုံး မတ်တပ်ရပ်ကြပါ ..."
သူ့မျှော်မှန်းထားသောပန်းတိုင်ကိုရောက်ရှိသွားတာမို့ ဂိုချန်စိတ်တွေက အရမ်းကိုလွတ်လပ်ပြီး ပျော်ရွှင်နေသည်။

ဂိုမိသားစုက ငွေကြေးအာဏာနှင့်ပြည်စုံသောမိသားစုကြိးတခုဖြစ်သည်။ သူတို့အိမ်တော်ကပိုင်ဆိုင်သည့် ရတနာတသိန်းကုန်သည်အဖွဲ့ဆိုတာကလဲ ဒေါင်ရမ်းအင်ပါနိုင်ငံကြီး၏ ထိပ်တန်း စီးပွာရေးကုန်သည်အဖွဲ့သုံးခုထဲက တခုပင်....။

ချမ်းသာမှုနှင့် လူအင်အားအရာကိုသာယှဉ်ကြည်မြယ်ဆိုရင် သူ့တို့ဂိုအိမ်တော်က ရှဲမိသားစုတို့ ယောင်မိသားစုတို့နှင့် ပခုံးချင်းယှဉ်နိုင်စွမ်းရှိ၏ ။  ဒါပေမယ့် သူတို့မိသားစု ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းက အကြီးဆုံးမိသားစုတွေအတွင်းမှာ မပါဝင်ရသည့် အကြောင်းအရင်းက သူတို့မိသားစုတခုလုံးမှာ သကြာဝဠာအဆင့် သိုင်းပညာရှင်တယောက်မှ မရှိလို့ပဲ ဖြစ်သည်။ 

ဒါပေမယ့် အခုတော့ တယောက်ရှိလာခဲ့ပြီလေ....။

ဂိုမိသားစု၏ ဘိုဘေးက ကြီးမြတ်သော စကြာဝဠာ သိုင်သမားအဆင့်ကိုအောင်အောင်မြင်မြင်ကျော်ဖြတ်လာနိုင်ခဲ့လေပြီ ....။

သူ့ကိုယ်သူဒေါင်ရမ်းနိုင်ငံအတွင်းက စွမ်းအားအကြီးဆုံး လူတွေထဲမှာ တယောက်အပါအဝင်ဖြစ်လာမည့် မြင်ကွင်းကိုမြင်ယောင်လိုက်တိုင်း ဂိုချန်တယောက် လက်သီးလက်မောင်းတန်းပြီး မပြုံးပဲ မနေနိုင်တော့ပေ...။ သူရဲ့ ရွှင်မြူနေသော ရယ်သံတွေက ဂိုအိမ်တော်တခုလုံးကို လွှမ်းခြုံသွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now