ကျန်းယုက ဂိုရှီဝမ်းအမိန့်အတိုင်း ဂိုရှီယွမ်ဆီကိုပို့ဖို့အတွက် လျှို့ဝှက်စာတစောင်ကိုအလျင်အမြန်စီစဉ်လိုက်သည်။ ထိုနောက်သူကထပ်ပြီးမေးလိုက်သည်
"... ဒါဆိုကျွန်တော်တို့ဟောင်ရှောင်လုံကိုရော ...?"

".... အဖေက ဒိတခေါက်တံခါးပိတ်သိုင်းလေ့ကျင့်ပြီးတာနဲ့ စကြာဝဠာသိုင်သမားအဆင့်ကိုရောက်ရှိသွားဖို့က သေချာသလောက်ရှိတယ် ..."
ဂိုရှီဝမ်က အေးစက်စက်ပြန်ဖြေရင်း
".... အဖေသိုင်းလေ့ကျင့်ရာကနေ ထွက်လာမှ ငါ့တို့ဟောင်ရှောင်လုံနဲ့ ကျောင်းရှုဆိုတဲ့အကောင်ကိုအပြတ်ရှင်းကြတာပေါ့ ...."

"... ဂိုဏ်းချုပ်ကတကယ့်ကို အမျှော်အမြင်ရှိလှပါတယ်..."

အချိန်သုံးရက်ကမသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွား၏။ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာရှိသော တခြားထိပ်တန်းအင်အားကြီးမိသားစုတွေက သူ့တို့ပွဲကြီးပွဲကောင်း တပွဲတော့ကြည့်ရပြီဆိုပီး ဂိုအိမ်တော်က ဟောင်ရှောင်လုံကို ဘယ်လိုမျိုး ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မလဲဆိုတာကို စောင့်ကြည့်လို့နေသည်။ ဒါပေမယ့် အံသြစရာတခုက ဂိုမိသားစုကညရှောင်လုံအပေါ်ကို ဘာတုန့်ပြန်မှုမှမရှိပေ ...။

အရာရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုးတိတ်ဆိတ်ငြိမ်သက်နေသည် ။ ဂိုမိသားစုရဲ့ ငြိမ်သက်နေမှုကိုကြည့်ရင်း ပွကြီးပွဲကောင်းစောင့်နေကြသူတွေအကုန်လုံး စိတ်ပျက်ကုန်ကြသည်။

ဂိုမိသားစုရဲ့အဓိကစီးပွားရေးဖြစ်သော ရတနာတသိန်းလေလံတင်အိမ်က ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်းမှာရှိသော ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေထဲမှာ အကြီးဆုံးလုပ်ငန်းတခုလို့ဆိုနိုင်သည်။ သူရဲ့ဆိုင်ခွဲတွေကဒေါင်ရမ်းအင်ပါတခုလုံးကိုဖြန့်ကျက်အုပ်စ်ိုးထားသည် ။

ရတနာတသိန်းကုန်သွယ်စီးပွားရေလုပ်ငန်းစုကိုစတင်တည်ထောင်လာတာ အခုဆိုရင် နှစ်ပေါင်တထောင်နီးပါးလောက်ရှိတော့မည်။ သူ၏တနှစ်တာဝင်ငွေက ကြောက်စရာကောင်းအောင်များပြားလွန်းသည်။ ဂိုမိသားစုဆိုတာကလဲ ဒေါင်ရမ်းအင်ပါရာနိုင်ငံကြီးတခုလုံးမှာတောင် ရှဲမိသားစုနှင့် ယောင်မိသာစုတို့အောက်အနဲငယ်လောက်ပဲ နိမ့်ကျသော ထိပ်တန်းမိသားစုကြိးတခုဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now