သေချာတာတော့ သူတို့တွေက ငါတို့ဂိုအိမ်တော်ကိုမျက်လုံးထဲ လုံးဝထဲ့မထားဘူးဆိုတာပဲ ...။

ဟောင်ရှောင်လုံ ...မင်းတော်တော်လေးကိုအတင့်ရဲနေတယ်ပေါ့ ....။

အခုဖြစ်ရပ်က တခြားမိသားကြီးတွေကြားထဲမှာ ဂိုအိမ်တော်ကို အလှောင်ခံအအပြောင်ခံ ဘဝရောက်သွားစေသည့် ဖြစ်ရပ်တခုပဲ ဖြစ်သည်။အဲ့လိုမျိုးသူတို့အိမ်တော်တခုလုံး လူရယ်စရာဘဝကိုရောက်လာမှတော့ အဓိကအိမ်တော်ကြီးတယောက်အနေဖြင့် သူတို့အခုလိုဖြစ်ရသည့်အဓိကတရားခံကိုအမှုန့်မကြိတ်ချင်ပဲ နေပါ့မလား ...။

"... ဂိုဏ်းချုပ်  .... ဒိကိစ္စကိုကျွန်တော်တို့ ဘိုဘေးကို သတင်းပို့လိုက်ရင်ကောင်မလား  ..?"
ကျန်းယုက မေးလိုက်သည်။

ဂိုရှီဝမ်၏ မျက်လုံးတွေက အမုန်းမီးတွေဖြင့် ရဲရဲနီနေကာ
".... အဖေကအခု စကြာဝဠာသိုင်သမားအဆင့်ကြိရောက်ဖို့ တခါးပိတ်သိုင်းလေ့ကျင့်နေတာ အထွတ်အထိပ်အတင့်ကိုရောက်နေပြီ ... ငါတို့အခုအချိန်ကျမှ သူ့ကိုသွားအနှောက်ပေးလို့မရဘူး ... သူစိတ်အခြေအနေ တခုခုမှားယွင်းသွားပြီး သိုင်းလေ့ကျင့်တဲ့နေရာကိုသွားထိခိုက်ပြီဆိုရင် အဲ့ဒီအကျိုးဆက်ကို မင်းရောငါရော ခံနိုင်မှာမဟုတ်ဘူး..."

"... ကောင်းပါပြီ ဂိုဏ်းချုပ် ..."
ကျန်းယုက ပြန်ဖြေလိုက်၏ ။ အဲ့နောက် သူကပြောဖို့ခနလောက်တွန့်ဆုတ်နေပြီမှ ပြောလိုက်သည်
"....ဟောင်ရှောင်လုံရဲ့ ညီမဟေင်မင်းက ကျွန်တော်တို့ဂိုအိမ်တော်ရဲ့ သခင်လေး ဂိုထန်နဲ့ စေ့စပ်ထားကြတယ်မဟုတ်လာဂိုဏ်းချုပ် ....ကျွန်တော်တို့ဒိကိစ္စကို ....?"

"... စေ့စပ်ထားတယ် ဟုတ်လား...?"
ဂိုရှီဝမ်မျက်နှာထားကတင်းမာသွားပြီး
ငါ့ညီ ဂိုရှီယွမ်ဆီကို လျှို့ဝှက်စာတစောင်ပို့လိုက်လိုက် ... သူ့ကိုပြောလိုက် အဲ့ကောင်လေးဂိုထန်နဲ့ ဟောင်မိသားစုကြားက မင်္ဂလာကိစ္စတွေကို ခြွင်းချက်မရှိ ပယ်ဖျက်ပစ်လိုက်လို့..."

"... ဟောင်ရှောင်လုံရဲ့ ညီမလေး ဟူတ်လား... ဒီလိုအတင့်အတန်းမရှိတဲ့ဟာတွေက ငါတို့ရဲ့ မိသားစုထဲကိုဝင်လာချင်တယ်ပေါ့လေ ..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now