ရှောင်လုံစကားကိုကြားသည့်နှင့် ဂိုညီအကိုနှစ်ယောက်၏မျက်နှာက ငပုပ်ဖမ်းသော လမင်းကြီးကဲ့သို့ မဲမှောင်သွားကြသည်။  အဲ့နောက် ရပ်ကြည့်နေကြသော လမ်းမထက်ကိုလူတွေကိုတချက်အကဲခတ်လိုက်ပြီး ဂိုရှီက သူပါးကိုသူပြန်ရိုက်လိုက်သည်။ သူကရှောင်လုံကို ဖော်ရွေကြည်သာစွာပြုံးပြလိုက်ပြီး
"... ဒီစောက်ပါးစပ်ကမကောင်းတာ .. ဒီမဟုတ်တာတွေလျှောက်ပြောတတ်တဲ့ပါးစပ်ကိုတော့ကောင်းကောင်းပညာပေးရအုံးမယ် ... ညီလေးရှောင်လုံ ... ငါတို့တခါလောက်မှားရုံနဲ့တော့ မင်းငါတို့အပေါ် အငြိုးအတေးမထားပါနဲ့ကွာ...."

ဂိုဖေးကလဲ သူ့အကိုဂိုရှီလုပ်သလိုမျိုး သူ့လက်ကိုမြှောက်ရင်း သူ့ပါးကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည် ။ ထိုနောက်ဘသူကရှောင်လုံကိုကြိုးစားပြုံးပြရင်း
"... ဟူတ်ပါတယ်ညီလေးရှောင်လုံရယ် ... မင်းက စိတ်ထားမြင့်မြတ်တည်ကြည်တဲ့သူတယောက်ပါ ... အသေးအဖွဲ့လေးတွေနဲ့တော့ စိတ်အနှောက်အယှက်အဖြစ်မခံချင်စိမ်းပါနဲ့..."

လမ်းမထက်ကပွဲကြည့်ပရိတ်သတ်ကြီးကတော့သူတို့ပါးကိုသူ့တို့ရိုက်နေကြပြီး စကားကိုဗလောင်းဗလဲပြောတတ်သည့်
ဂိုညီအကိုနှစ်ယောက်ကိုကြည့်ရင်း အံသြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်နေကြသည် ။

ဒါပေမယ့်ရှောင်လုံကတော့ သူတို့ကိုခေါင်းခါပြလိုက်ပြီး
"... အင်း မင်းတို့မှားနေပြီထင်တယ် ... ငါဆိုတဲ့ကောင်ကလဲ စိတ်ထားသိပ်ပြီးမြင့်မြတ်တဲ့သူတော်စင်မဟုတ်ဘူး...
အဲ့ဒါကြောင့် ..."
သူစကားက အဲ့ဒီနေရာမှာဆုံးသွားသည့်နှင့်တပြိုင်နက် ရှောင်လုံကသူ့လက်နှစ်ဖက်ကိုမြောက်လိုက်၏ ။  အားကောင်းသော အတွင်းအာချီတွေဖြင့် ကှောင်လုံလက်ဝါးနှစ်ဖက်က ပျိုးပျိုးပျက်ပျက် လင်းလက်လာသည်။

ရှောင်လုံလက်ဝါးဆီက ပြင်းထန်သော အတွင်းအားဓတ်တွေကိုခံစားမိလိုက်တာကြောင့် ဂိုညီအကို၏ မျက်နှာတွေကသွေးမရှိတော့သလိုမျိုး ဖျော့တော့လာသည်။ ထိုနောက် အနေုက်ဘက်ကို ပျာယာခတ်နေသောပုံစံဖြင့် ထွက်ပြေးဖို့ကြိုးစားလိုက်ကြသည်။

အဲ့ဒီအချိန်မှာပဲခံညားထည်ဝါသောအသံတခုက မိုးခြိမ်းသံကဲ့သို့ထွက်ပေါ်လာသည်
"... ငါတို့သခင်လေးကိုဘယ်သူကထိရဲတာလဲ ..."
အသံဆုံးသည်နှင့် လူရိပ်နှစ်ခုက ဂိုညီအကိုရှိရာဆီသို့ လျင်မြန်စွာပျံသန်းလာကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now