ဒူးထောက်ပြီး တောင်းပန်ရမယ် ဟုတ်လား....!

ရှောင်လုံက ယောင်ဖေးရဲ့စကားကိုကြားပေမယ့် တည်ငြိမ်နေသောအမူအရာဖြင့် ပြန်ဖြေလိုက်၏
".... မင်းဆီမှာ အညံခံရမယ်ဟုတ်လား .... ယောင်ဖေး...
မင်းက မင်းကိုမင်းအရမ်းအထင်ကြီးလွန်းမနေဘူးလား....
ငါကလဲမင်းကိုစကားတခွန်းလောက်အကြံပြုလိုက်မယ်...
မင်းလဲ ငါရှေ့မှာ ဒူးထောက်ပြီး မင်းမှားခဲ့ကြောင်းတောင်းပန်မယ်ဆိုရင် မင်းလုပ်ခဲ့သမျှ အရာအားလုံးကိုငါခွင့်လွှတ်ပေးမယ် ...."

  ပတ်ဝန်ကျင်ကနေ ရပ်ကြည့်နေကြသူတွေက ရှောင်လုံစကားလကြားရောပါးစပ်အဟောင်းသားတွေ ဖြစ်ကုန်သည်။ ထိုနောက် သူတို့အချင်းချင်းတီးတိုးဆွေးနွေးသံတွေ ထွက်ပေါ်လာသည် ။

ဒေါင်ရမ်းတက္ကသိုလ်တခုလုံးမှာ သခင်လေးယောင်ဖေးကို နာမယ်တပ်ပြီးခေါ်ရဲတဲ့လူရှိနေပါလား.... နာမယ်တပ်ခေါ်ရုံမက သခင်လေးယောင်ဖေးကိုပါ ဒူးထောက်တောင်းပန်ခိုင်းသေးတယ်ဟုတ်လား ....?!

ရန်ခမ်းနဲ့ ပန်ယုတို့ကိုယ်တိုင်လဲ ရှောင်လုံအခုလိုမျိုး တုန့်ပြန်ျပြာဆိုလာလိမ့်မယ်လို့လုံးဝမထင်ထားတာမို့ သူ့စကားကြားလိုက်တော့ မယုံနိုင်အောင် အံသြသွားကြသည်။ သူတို့စိတ်ထဲမှာ ရှောင်လုံဦးနှောက်က တခုခုနဲ့ တိုက်မိပြီး ပျက်စီးနေပြီလို့ ထင်နေကြသည်။

ယောင်ဖေးကိုယ်တိုင်ကလဲ တခနတာလောက် ကြောင်အမ်းသွားပြီးမှ သူဆီကနေ အူလှိုက်သဲလှိုက်ရယ်မောသံကြီး ထွက်ပေါ်လာသည် ။ ယောင်ဖေးက သူလက်နှစ်ထက်ကိုပါခါရမ်းရင် ကမ္ဘာပေါ်မှာ အရီရဆုံးပျက်လုံးတခုကိုကြားလိုက်သလိူမျိုး အားရပါးရရယ်မောနေသည် ။

ဒါပေမယ့် ယောင်ဖေးကို အတွင်းကျကျရင်းနှီးထားသူဆိုရင်တော့ ယောင်ဖေးစိတ်ထဲမှာ အလွန်စိတ်စိုးဒေါသထွက်နေပြီဆိုတာကို သိနိုင်သည် ။ ရယ်မောနေသောယောင်ဖေးကိုယ်ထဲကနေ လူသတ်ချင်တဲ့အရိပ်အယောင်တွေ တွေတဖွားဖွားထွက်ပေါ်လာသည်။

ယောင်ဖေးရယ်သံတွေက တဖြည်းဖြည်းရပ်တန့်သွားပေမယ့် သူမျက်လုံးကထဲ အအေးဓတ်တွေကတော့ တဟုန်ထိုးတိုးတက်လာနေသည်
"... ကောင်းတယ် ...ကောင်းတယ် ... မင်းကငါ့ကိုအခုလိုမျိုးဒူးထောက်တောင်းပန်ဖို့ ပြောရဲတဲ့ ပထမဆုံးလူပဲ..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now