ဒေါင်ရမ်းအင်ပါရာနန်းတွင်းမြို့.... !

ဒီနေ့ရာမှာ သူ့ရည်မှန်းချက်တွေ တည်ရှိနေလေသည်။

အမှန်တော့ အခုလောလောဆယ် ရှောင်လုံစိတ်ထဲမှာ
"... ဒေါင်ရမ်းအင်ပါရာနန်းတွင်းမြိ့ရေ.... ငါဟောင်ရှောင်လုံရောက်လာပြီကွ... "
ဟုတစ်မြို့လုံး ကြားသိသွားအောင် ဟိန်းဟောက်အော်ဟစ်ခြင်စိတ်တွေဖြစ်ပေါ်နေသည် ။

ရှောင်လုံတို့လူစုလဲ များပြားလှစွာသော ဒေါင်ရမ်းအင်ပါနန်းတွင်းမြို့တော်သို့ ဝင်ရောက်ချင်တဲ့ သူတွေနဲ့ အတူ ဒေါင်ရမ်းနန်းတွင်မြို့တော်ထဲသို့ ဝင်လိုက်၏ ။ ဒါပေမယ့် သူတို့မြို့ထဲမရောက်လင် မြို့အဝင်တံခါးကိုဖြတ်သန်းသောအခါ လူတယောက်ကို မြို့ဝင်ကြေး ရွှေ
ဒင်္ဂါးတရာဆီပေးရတာကို မြင်တွေ့လိုက်ရသည်။

ရွှေဒင်္ဂါးတရာ... !

ရွှေဒင်္ဂါးတရာဆိုတာက နိုင်ငံအများစုမှာဆိုရင် သာမန်လက်လုပ်လက်စား အိမ်ထောင်စုတခု တနှစ်စာ စားစရိတ်ဖြင့် ညီမျှတာပဲ ဖြစ်သည်။ အဲ့နောက်ရှောင်လုံတို့လဲ ကြီးမားကျယ်ပြန့်သော မြို့ထဲကလမ်းမကြီးတွေထဲကို ရောက်လာသည်။ ရှောင်လုံကတော့ မြို့အတွင်းက ဆိုင်တွေက သက်သောင့်သက်သာ ပုံစံဖြင့် လိုက်လံလေ့လာနေသည်။

ဒေါင်ရမ်းအင်ပါရာနန်းတွင်းမြို့တော်ထဲက လမ်းမတခုလျှင် မီတာနှစ်ရာသုံးရာနီးပါး ကျယ်ပြန့်လေသည် ။ မြို့ထဲက လမ်းကျယ်ကြီယတွေအကုန်လုံးကို အလင်းရောင် စကျင်ကျောက် အမျိုးအစားတခုထဲနဲ့ တူညီစွာ ခင်းထားတာကို ရှောင်လုံသတိထားမိလိုက်သည်။

အလင်းရောင်စကျင်ကျောက်ဆိုတာက အခုသိုင်းဝိညဉ်ကမ္ဘာကြီးမှာတော့ အရမ်းကိုမာကျောလှသော ကျောက်တမျိုးပဲ ဖြစ်ကာ ကြယ်စကြာဝဠာကျောင်း၏ အဓိကနေရာတွေကို တည်ဆောက်ထားတဲ့ ကြယ်ရောင်ကျောက်တုံးထက်ကိုပင် ပိုမို မာကျောမှုရှိသည်။

ဒီလမ်းမတခုထဲကပဲ ကြယ်စကြာဝဠာကျောင်းတကျောင်းလုံးကို အသုံးပြုထားသော ကြယ်ရောင်ကျောက်တုံးတွေရဲ့ ကုန်ကျစရိတ်ထက် ပိုမိုများပြားလေသည်။ အလင်းရောင်စကျင်ကျောက် တပိုင်းဆိုရင်ပဲ
ရွှေဒင်္ဂါးတထောင်နီးပါး ပေါက်စျေးရှိသည်။ အခုဆိုရင် ဒေါင်ရမ်းနန်းတွင်းမြို့တော်ထဲမှာ မရေတွက်နိုင်သောလမ်းသွယ်တွေအပြင် ကြီးမားရှည်လျားလှသော လမ်းမကြီးတွေအကုန်လုံးကို အလင်းရောင်
စကျင်ကျောက်တုံးဖြင့် အလှဆင်ထားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde histórias criam vida. Descubra agora