"...ဘာဖြစ်သွားတာပါလိမ့်..."
အခုချိန် လူအုပ်ကြီးက တခြားဘာမှမစဉ်းနိုင်တော့ပဲ ရှောင်လုံတိုက်ကွက်အပေါ် မေးခွန်းထုတ်တဲ့အတွေးတွေနဲ့ သူတို့ခေါင်းတွေချာချာလည်နေကြသည် ။ 

သူတို့ရဲ့ အသိညဏ်က ဒါလုံးဝမဖြစ်နိုင်ဘူးဆိုတာကို
သူတို့ကိုပြောပြနေ၏ ။ အခုဖြစ်ရပ်ကိုသူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံတွေလိုက်ရပေမယ့် ဒီဖြစ်ရပ်ကို သူတို့ယုံကြည်ရခက်ခဲနေ၏ ။

အံသြနေသော လူအုပ်ကြီးထဲမှာ အတွင်းခြံဝန်းရဲ့အွမ်းထက်ဆုံးကျောင်းသား ကျိုးထန်လဲ  ပါဝင်သည် ။ သူနောက်က မျက်နှာသွေးရောင်ဖျော့ဖျော့ လူငယ်အပါအဝင် တခြားကျောင်းသားတွေလဲ ရှောင်လုံကိုမယုံနိုင်စွာဖြင့် မျက်လုံးပြူးပြီး ငေးကြည့်နေ၏ ။ 

ထိုင်ခုံကနေ ခုန်ထလိုက်သော စွင်းကျန်းနဲ့ ရှောင်းချူးတို့နှစ်ယောက်က ရန်ကော်ရဲ့ လူမေ့လျန်ကှိရာသို့ တဖြည်းဖြည်းနီးကပ်လာသော ရွှေရောင်အကွင်းတွေကို စိတ်ဝင်တစား အကဲခတ်နေကြသည် ။

သူတို့ကြည့်နေရင်းနဲ့ သိုင်းပြိုင်စင်ပေါ်က ရန်ကော်နဲ့ လူမေ့လျန်တို့နှစ်ယောက် လုံးဝမလှုပ်ရှာနိုင်တော့တာကိုမြင်တော့ သူတို့စိတ်ထဲက အံသြထိတ်လန့်မှုတွေ ပိုလို့များပြားလာသည် ။

သိုင်းပြိုင်စင်ထက်က အရာဝတ္ထုတွေအကုန်လုံး ရပ်တန့်ကုန်သယောင် ဖြစ်သွားသည် ။
ဖက်တီးရန်ကော်ရဲ့ လျှပ်စီးအမျှင်တန်း ၊ လူမေ့လျန်ရဲ့ ရေခဲပြာလက်ဝါး  ၊ လေစီးကြောင့် စသဖြင့် နှောင်ဖွဲ့ခြင်းနတ်လက်ဝါးသိုင်း ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတလျှောက်ရှိရှိသမျှ အကုန်လုံး ရပ်တန့်ကုန်ကြသည် ။

စွင်းကျန် ၊ ရှောင်ချူး အပါအဝင် သိုင်းပြိုင်ကွင်းထဲကလူတွေအကုန်လုံး အဲ့ဒိအဖြစ်အပျက်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည် ။ သူတို့ရဲ့ ဟနေသော ပါးစပ်က ယင်ကောင်ဥဝင်အုလို့ရအောင် ပွင့်နေလေသည် ။

အဝေးကကြည့်နေသော စွင်းကျန်းနဲ့ ရှောင်ချူးတောင်မှ အဲ့လိုအမူအရာမျိုး ဖြစ်နေတယ်ဆို ရှောင်လုံထိန်းချုပ်ထားတာခံရသော လူနှစ်ယောက်ဆိုရင် သူတို့ရင်ထဲမှာ ထိန်းချုပ်မရနိုင်လောက်အောင် ကြောက်လန့်နေတော့ မှာပဲ မဟုတ်လား... ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now