အဲ့လိုမျိုးသိုင်းဝိညဉ်ကိုပိုင်ဆိုင်တဲ့သူကလဲ အင်မတန်ရှားပါးလှသည် ။ သူတို့ရဲ့ သိုင်းအဆင့်တက်နှုန်းတွေကလဲ လွန်စွာကိုလျင်မြန်၏ ။
ဒါကြောင့်မို့ လီလူရဲ့ သိုင်းအဆင့်တက်နှုန်းကလဲ ဒီတနှစ်အတွင်းမှာကို အတော်ကြောက်စရာကောင်းအောင်တိုးတက်သွားမှာ မဟူတ်လား...  လီလူအခုလောက်ဆို မြေကြီးအဆင့်၈ သိုင်းသမား ဖြစ်နေလောက်ပြီထင်တယ်..... ရှောင်လုံစိတ်ထဲမှာ လီလူအကြောင်းတွေးတောနေမိသည် ။

အဲ့နောက်သူအတွေးတွေကို ပြန်ထိန်းချုပ်လိုက်ကာ ဖေးဟိုနဲ့ဆက်ပြီး
ဆွေးနွေးလိုက်သည် ။ရှောင်လုံက ဖေးဟိုကို ထျန်ယွမ်အိမ်တော်နဲ့ ဒေါက်ကိုးခုကုန်သည်အဖွဲ့အကြောင်းအသေးစိတ်မေးမြန်လိုက်သည် ။

အခုဆိုရင် ဒေါက်ကိုးခုကုန်သည်အဖွဲ့ကို စတင်ဖြန့်ကျက်နေပြီဖြစ်ကာ အိမ်နီးချင်နိုင်ငံတွေမှာ အဖွဲ့ခွဲတွေဖွင့်လှစ်ပြီးနေပြီပဲ ဖြစ်သည်။
အဲဒါကြောင့် ဒေါက်ကိုးခုကုန်သည်အဖွဲ့က တနေ့ကို ငွေကြေးအပြောင်းအရွေ့ အခုတသိန်းလောက်နီးပါးကို ကိုင်တွယ်လုပ်ဆောင်နေကြရသည် ။

အာရုံဦးမြို့မှာ တိမ်ကင်းစင်အိမ်တော်နဲ့ ကြုံတွေခဲ့တဲ့ ဖြစ်ရပ်ပြီးသွားကတည်းက ဖေးဟိုကို မြေကြီးအဆင့်၈ ၊ အဆင့်၉ ၊ အဆင့်၁၀ သိုင်သမားတွေ ငှါးရမ်းပြီး သူတို့ဒေါက်ကိုးခုကုန်သည်အဖွဲ့ခွဲတွေမှာ စောင့်ကြပ်ခိုင်းဖို့ ရှောင်လုံက မှာကြားထားခဲ့သည် ။

ပြီးတော့ သူတို့ဒေါက်ကိုးခုကုန်သည်အဖွဲ့မှာက ငွေရေးကြေးရေးအတွက်စိတ်ပူနေစရာမှ မလိုပဲ.. ။ မြေကြီးအဆင့်၁၀ သိုင်သမားတယောက်ကိုဆွဲဆောင်ကာ သူတို့အဖွဲ့ထဲဝင်ခိုင်းဖို့က မလွယ်ကူပေမယ့် မြေ
ကြီးအဆင့်၉ ၊ အဆင့်၈ သိုင်သမားတွေကတော့ ဆွဲဆောင်ရတာအဲ့လောက်မခက်ခဲကြပေ.. ။

ဖေးဟိုရဲ့ တင်ပြချက်အားလုံးကိုသေသေချာချာနားထောင်ပြီးတဲ့နောက် ရှောင်လုံက ဖေးဟိုရဲ့ သိုင်းပညာပိုင်းမှာ တိုးတက်မှုအခြေအနေကိုဆက်ပြီးမေးလိုက်သည် ။

ဖေးဟိုကအခုဆိုရင် ရှောင်လုံသင်ကြားပေးခဲ့တဲ့ မိုးကြိုးရေသိုင်းကျင့်
မှာ အဆင့်၆ သို့ရောက်ရှိနေလေပြီ.. ။ အခုဖေးဟိုရဲ့ ကောင်းကင်အဆင့်၁ ရဲ့ အထွတ်အထိပ်ကိုရောက်ရှိနေပြီပဲ ဖြစ်သည် ။ဖေးဟိုအနေနဲ့ ကောင်းကင်အဆင့်၂ ကို သိပ်မကြာတော့တဲ့ နှစ်အနဲငယ်အတွင်းမှာ တက်လှမ်းနိုင်တော့မှာပဲ ဖြစ်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Opowieści tętniące życiem. Odkryj je teraz