"... နတ်ဘုရားကျောင်းတော်အကြောင်းရောဘာကြားသေးလဲ.. "
ရုတ်တရက် ရှောင်လုံက စကားခေါင်းစဉ်ကိုပြောင်းလိုက်သည် ။
တည်ကြည်နေသော အသံဖြင့်ဖေးဟိုကိုမေးလိုက်သည် ။

လွန်ခဲ့သော တနှစ်လောက်ကတည်းက ဖေးဟိုက နတ်ဘုရားကျောင်းတော်အကြောင်းစုံစမ်းဖို့ တာဝန်ပေးထားတာပဲ ဖြစ်သည် ။ ဖေးဟိုက ခေါင်းခါပြရင်း
"... အခုထိတော့ ဘာသတင်းမှစုံစမ်းလို့မရသေးပါဘူး.. "

ဒီဆယ့်နှစ်လလုံးလုံး သူ့မှာရှိသမျှအဆက်အသွယ်တွေအကုန်လုံးအပါအဝင် ယုဝေနိုင်ငံက ဖေးအိမ်တော်တခုလုံးကိုပါ အသုံးချပြီး စုံစမ်းခဲ့တာတောင် နတ်ဘုရားကျောင်းတော်ရဲ့ သတင်းကို တစွန်းတစမှ မစုံစမ်းနိုင်ခဲ့ပေ.. ။

မသိရင်နတ်ဘုရားကျောင်းတော်ဆိုတာက ပုံပြင်ထဲကဇတ်လေတပုဒ်လို ဖြစ်နေ၏ ။ ဒါပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင် ဖေးဟိုနတ်ဘုရားကျောင်းတော်အကြောင်းလိုက်လံ စုံစမ်းနေစဉ် မမြင်ရသော အင်းအားကြီးမားတဲ့ အဖွဲ့အစည်းတခုခုက သူ့ကိုနတ်ဘုရားကျောင်းတော်အကြောင်း တစွန်းတစမှ စုံစမ်းလို့မရအောင် လုပ်နေတယ်လို့ ဖေးဟိုစိတ်ထဲမှာ သံသယရှိသည် ။

ဖေးဟိုက သူရင်ထဲမှာ သံသယဖြစ်နေတဲ့အချက်ကို ရှင်းပြလိုက်သည် ။ ဖေးဟိုပြောပြတဲ့ အချက်အလက်တွေကိုနားထောင်ရင်း ရှောင်လုံစိတ်ထဲမှာပိုပြီး နက်နက်ရှိုင်းရှိုင်းတွေးတောမိသည် ။

နတ်ဘုရားကျောင်းတော်ဆိုတာ အပြင်မှာ တကယ်မရှိသလို ဖြစ်နေတယ်ဟုတ်လား... ?
ကြည့်ရတာ နတ်ဘုရားကျောင်းတော်က ငါအစပိုင်းကထင်ထားတာထက်ကို ပိုပြီး လျှှို့ဝှက်ဆန်းကြယ်သလို ပိုပြီး အင်အားကြီးမားတဲ့ပုံစံပဲ.. ။

လီလူ... ဒီကောင်မလေးအဆင်မှပြေရဲ့လား.... ။
ရှောင်လုံစိတ်ထဲမှာ လီလူကို သတိရလွမ်းဆွတ်စိတ်တွေ အနဲငယ်ဖြစ်ပေါ်လာသည် ။ လီလူမရှိတော့ကတည်းက သူတို့ထျန်ယွမ်အိမ်တော်မှာ အရင်ကလောက် ပျော်ရွှင်စရာမကောင်းတော့သလို ဖြစ်သွားသည် ။ ပြီးတော့ နောက်ထပ်တလလောက်ဆိုရင်ပဲ ဒီတနှစ်ကုန်ဆုံးတော့မှာပါလား... ။

လီလူရဲ့အမြွာ အလင်း ၊ အမှောင် နတ်ဓားသိုင်းဝိညဉ်က သူမ ထွက်မသွားခင်ကတည်းက နှိုးထပြီးသားလေ.. ။ သူမရဲ့သိုင်းဝိညဉ်က ဆန့်ကျင်ဘက် သိုင်းဝိညဉ်အမျိုးအစားပဲ ဖြစ်သည် ။ တခုကအပေါင်းဆို တခုကအနှုတ် ၊ တခုက ယင်ဓတ်ဆို တခုက ယန်ဓတ် အစရှိသဖြင့် ဆန့်ကျင်ဘက်ဖြစ်သောသိုင်းဝိညဉ် ဖြစ်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now