Chapter 1/U: Unexpected Destiny

Depuis le début
                                    

ဆရာ့စကားမြေဝယ်မကျနားထောင်ရှာသော မောင်ဟယ်ရီရှိန်းနှောင်လည်း ချက်ချင်းပင် သူ့ဂျင်းကျောပိုးအိတ်ကို ကောက်လွယ်ကာ အတန်းထဲကနေ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။ ဆရာ ဦးကြည်မာန်နှင့် အတန်းထဲက ကျောင်းသားအားလုံးလည်း ကြောင်တောင်တောင်မျက်လုံးလေးများဖြင့် ကျန်ရစ်ခဲ့ကြသည်။

"အား....အိပ်ချင်သလို အိပ်လို့ရပြီကွ။ ဘယ်မှာ အိပ်ရမလဲ။ library ထဲမှာ အိပ်ရမလား။ ကွန်ပျူတာခန်းထဲမှာ အိပ်ရမလား။ ဟင့်အင်း ကွန်ပျူတာခန်းထဲမှာ အဲယားကွန်းပျက်နေတာ ခုထိ မပြင်ရသေးဘူးပြောတော့...library ထဲ သွားအိပ်နေတာပဲ ကောင်းပါတယ်"

ဟယ်ရီရှိန်းနှောင်က ပန်ရာနိုင်ငံ၏ထိပ်တန်းမော်စိပိတက္ကသိုလ်တွင် သမိုင်းမေဂျာကို သင်ယူနေသော နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ဉာဏ်အလွန်ကောင်းသော်လည်း စာမကြိုးစားပေ။ ဂိမ်းကစားခြင်းကို အလွန်နှစ်သက်သူဖြစ်၏။ ထို့ကြောင့် ညဘက်တိုင်း ညဉ့်နက်သည်အထိ အွန်လိုင်းဂိမ်းများအား သူငယ်ချင်းများနှင့်အတူတူ ကစားလေ့ရှိကာ နေ့ဘက်များတွင် အိပ်နေတတ်သူသာ။

ယနေ့တွင်လည်း ညကအသေအကျေ ဂိမ်းကြိုးစားပမ်းစားဆော့ထားသဖြင့် အလွန်အိပ်ချင်နေ၏။ ဤသို့ဖြင့် ဟယ်ရီရှိန်းနှောင်လည်း မြောက်ကြွမြောက်ကြွ လမ်းလျှောက်လာပြီး တက္ကသိုလ်စာကြည့်တိုက်ထဲသို့ ဝင်ရောက်လာသည်။

အခန်းမီးခလုတ်များကို ဖွင့်လိုက်၏။ ဖြစ်ချင်တော့ အတန်းချိန်ဖြစ်နေသဖြင့် စာကြည့်တိုက်ထဲတွင် ကျောင်းသူကျောင်းသားတစ်ယောက်တစ်လေတောင် မရှိနေသလို လူဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ မရှိနေပေ။

"ဟား... မိုက်တယ်ဝေ့။ ဘယ်သူမှ မရှိတော့ ကောင်းကောင်းသေနေလို့ရပြီ ဟားဟား။"

ဟယ်ရှီရှိန်းနှောင်လည်း စာအုပ်တန်းများ၏နောက်ဆုံးအတန်းတစ်ခုသို့ လမ်းလျှောက်သွားပြီးနောက် ချောင်ကောင်းကောင်းတစ်ခုကိုတွေ့လျှင် ထိုချောင်နားတွင် သူ့ကျောပိုးအိတ်ကို ထားလိုက်သည်။ ပြီးလျှင် စာကြည့်တိုက်၏အဲယားကွန်းရီမုကိုရှာဖွေရင်း အဲယားကွန်းကို ဖွင့်လိုက်သည်။ ထို့နောက်တွင် စောစောက ချောင်ကျကျနေရာဆီသို့ ပြန်လာကာ ကတ္တီပါကော်ဇောခင်းထားသည့်ကြမ်းပြင်ပေါ်တွင် လှဲချလိုက်လျက်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Où les histoires vivent. Découvrez maintenant