".... တော်တော်ကို ရဲတင်းလွန်းတဲ့ စွပ်စွဲချက်ပါလားကွ... "
အဲ့အချိန်မှာ ကျောင်းသားတွေထဲကနေ အသံတခုထွက်ပေါ်လာလေသည်။

"... ဘယ်သူပြောတာလဲလဲ.... ထွက်ခဲ့စမ်း... !"
လက်ထောက်စစ်သူကြီးက ကျောင်းသားလူအုပ်ထဲကိုကြည့်ရင်း အမိန့်ပေးလိုက်သည်။

ကျောင်းသားအုပ်ထဲကနေ လူတယောက် လမ်းလျှောက်စာလောက်နေရာ ပေါ်လာပြီး အဲ့ကနေ ကျောင်းသားတယောက်ထွက်လာလေသည်။ ထွက်လာတဲ့ ကျောင်းသားကတော့ မင်းသားလေးလူခိုင်ပဲ ဖြစ်၏။
စစ်သူကြီးကျင်းရှီက မင်းသားလူခိုင်ကိုလဲ မြင်ရော သူမျက်နှာထားချက်ချင်းပြောင်းလဲသွားကာ ဆောက်တည်ရာမရဖြစ်သွား၏ ။ ဒါပေမယ့် လက်ထောက်စစ်သူကြီးကတော့ မင်းသားလူခိုင်းကိုမမြင်ဘူးတာမို့  "... ဟေ့ကောင်တွေ အဲ့ ကောင်စုတ်လေးကိုပါတပါထဲ ဖမ်းခဲ့ကျစမ်းကွာ... "

"...ရပ်လိုက်ကျစမ်း... "
စစ်သူကြီး ကျင်းရှီကရုတ်တရက် ကျားဟိန်းသလို ဟိန်းဟောက်အမိန့်ပေးလိုက်၏။ အဲ့နောက် စစ်သူကြီးအမိန့်ကိုကြားလို့ အံသြစွာဖြင့်ငေးမောကြည့်နေကျတဲ့ လက်ထောက်စစ်သူကြီးနဲ့ စစ်သားတွေရဲ့ မျက်စိရှေ့မှောက်မှာပဲ ကျင်းရှီက တုန်တုန်ယင်ယင်နဲ့ သူမြင်းပေါ်ကခုန်ချလိုက်ကာ လူခိုင်ရှေ့ကို အလျင်အမြန်ပြေးလာပြ်ိး ဒူးထောက်ချလိုက်ရင်းနဲ့ အရိုအသေပေးလိုက်သည်
".... ကျင်းရှီ ..........မင်းသားလေး လူခိုင်ကို နှုတ်ခွန်းဆက်သပါတယ်...."

မင်းသား..... !

စစ်သူကြီး အသံကိုကြားတော့ လက်ထောက်စစ်သူကြီးနဲ့ စစ်သားတွေအကုန်လုံး အံသြကြက်သေသေကုန်ကျလေသည်။ အဲ့နောက် သူတို့လဲသတိပြန်ဝင်လာကျကာ မြင်းတွေပေါ်ကနေ တပြိုင်နက် ခုန်ဆင်းပြီး ဒူးထောက်အရိုအသေပေးလိုက်ကျသည်
".... ကျွန်တော်တို့ မင်းသားလေးကိုဂါရဝပြုပါတယ်... "

လက်ထောက်စစ်သူကြီးလဲ သူဖမ်းဖို့အမိန့်ပေးခံလိုက်ရတဲ့သူက မင်းသားလူခိုင်ဖြစ်နေတာကိုလဲသိရော မြေကြီးကိုနမ်းမိမတတ် အလေးပြုရင်း သူ့နဖူးမှာတွေ ဇောချွေးတွေဖြင့် ပြည့်နှက်နေ၏ ။

".... အားလုံး မတ်တပ်ရပ်ကျပါ.... ဒါပေမယ့် မင်း... မင်းကတော့
အဲ့အတိုင်းဒူးထောက်နေအုံး..... "
လူခိုင်က စစ်သူကြီးကျင်းရှီနဲ့ စစ်သားတွေအကုန်လုံးကိုမတ်တပ်ရပ်ခွင့်ပေးလိုက်ပေမယ့် လက်ထောက်စစ်သူကြီးကိုတော့ ဆက်ပြီး ဒူးထောက်ခိုင်းထားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now