လူဝေက အေးစက်စက်အသံနဲ့ ဟွန့်လို့ အသံပြုရင်း ဟောင်ကိုက်ကိုသူ့တပည့်တယောက်လို အကြံပေးလိုက်သည်
  "..... ဟောင်ကိုက်.... ငါအမြင်တော့ မင်းအနေနဲ့ဒီလိုသားမျိုးကိုဆက်ထားထားဖို့မသင့်ဘူး .... သူကြောင့်မင်းနဲ့ မင်းတို့ဟောင်ကလန် ဘယ်တော့ ကပ်ဘေးကျလာမလဲဆိုတာ မင်းမသိဘူးနော် ....."

ဟောင်ကိုက်လဲ ဘာပြန်ပြောရမလဲမသိပဲ ချက်ချင်းမျက်နှာပျက်သွားလေသည်။ ဟောင်ပန်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားတဲ့ စုရန်က လူဝေစကားကိုလဲ ကြားရော ဒေါသဖြစ်တာနဲ့
တုန်လှုပ်တာကို တချိန်ထဲခံစားလိုက်ရ၏... ။

ဒါပေမယ့် လူဝေက သူ့အကျီလက်စကို ခါယမ်းလိုက်ကာ ဘာမှမဆက်ပြောတော့ပဲထွက်သွားလေသည်။ သူ့နောက်ကနေ ဟောင်မင်တို့လဲ လိုက်ပါသွား၏ ။

ဟောင်ကိုက်က ပျောက်ကွယ်သွားတဲ့ လူအရိပ်တွေကိုကြည့်ရင်း အချိန်အတော်ကြာအောင် ပါးစပ်ဖွင့်လိုက်ပိတ်လိုက် လုပ်နေပေမယ့် သူ့ဆီကနေ ဘာစကားသံမှထွက်မလာပေ .....။
အဲ့ဒီနေရာမှာပဲ မျက်နှာကြီးမှုန်ကုန် မဲမှောင်ကာ ရပ်နေတဲ့ ဟောင်ကိုက်ကိုကြည်ရင်း သူဘာတွေစဉ်းစားနေတယ်ဆိုတာတော့ ဘယ်သူမှမသိနိုင်ချေ.... ။

".... ဂိုဏ်းချုပ်ကြီး...... ဒုတိယသခင်လေးကိုကြည့်ပါအုံး.... "
ဟောင်ကိုက်ဘာမှမပြောပဲရပ်နေတာ မိနစ်ပိုင်းလောက်ကြာတော့
အိမ်တော်ထိန်းကြီးချန်ယင်က သူ့အနားကို ချဉ်းကပ်လာကာ ဂရုစိုက်ပြီးမေးလိုက်၏
"..... ကျွန်တော်တို့ ဒုတိယသခင်လေးကို အရင်ဆုံးကုသပေးသင့်တယ်ထင်တယ် ဂိုဏ်းချုပ်..... "

ကောင်းကင်ကိုမော့ကြည့်နေတဲ့ ဟောင်ကိုက်က သက်ပြင်းရှည်ကြီးချလိုက်ကာ ချန်ယင်ဘက်ကိုပြည့်လှည့်ကြည့်ရင်း ချန်ယင်အကြံကိုသဘောတူတယ်ဆိုတဲ့အကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

အရှေ့ခြံဝန်းထဲကနေထွက်လာကျတဲ့ လူဝေနဲ့ ဟောင်ဂျန်တို့ သားအဖတွေလဲ ခနလောက်ကြာတော့ သူတို့နေထိုင်တဲ့ မြောက်ဘက်ခြံဝန်းဆီကိုပြန်လည်ရောက်ရှိလာ၏... ။ ဟောင်မင်က အကောင်းစားပြင်ဆင်မှုတွေပြုလုပ်ပြီးမှ လူဝေကို အရင်ဆုံးအနားယူလိုက်ဖို့ အကြံပြုလိုက်သည်။လူဝေအတွက် အရာရာအားလုံးစီစဉ်ပြီးတဲ့နောက်မှာတော့ သားအဖသုံးယောက်က မိန်းခန်းမဆောင်ထဲကို ပြန်လာကာထိုက်ခုံမှာထိုင်လိုက်ကျသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now