ရှောင်းချူးလဲ ကျောင်းအုပ်ကြီးကို အံသြသင့်စွာနဲ့ ကြည့်ရင်း
ကျောင်းအုပ်ကြီးက တကယ်ကို ဒိကောင်လေးကို မမှတ်မိဘူးပဲ..!

"... ကျောင်းအုပ်ကြီး...  ဒီကောင်လေးက ကျောင်းအုပ်ထောက်ခံစာနဲ့ လာတဲ့ ကျောင်းသားလေ... "
ရှောင်းချူးလဲသိပ်စဉ်းစားမနေတော့ပဲ ပြန်ဖြေလိုက်သည်။

"... ဘာ...  သူလား... ?"
စွင်းကျန်းလဲ ရှောင်းချူးစကားကြားတော့ အံသြပြီးနောက်ကိုခြေတလှမ်းဆုတ်မိမတတ်ဖြစ်သွားသည်။

ကျောင်းအုပ်ကြီးရဲ့ အရမ်းအံသြသွားတဲ့ အမူအရာကိုမြင်လိုက်တော့ ရှောင်းချူလဲ ထူးဆန်းသလိုဖြစ်သွားသည်။ ရှောင်းချူးနားမလည်တာကိုသိတော့ ကျောင်းအုပ် စွင်းကျန်းက ခနလောက်စဉ်းစားပြီးမှ ရှင်းပြလိုကိလေသည်
   "... ငါက ထောက်ခံစာကို စစ်သူကြီးချုပ် ဟောက်ထျန်လာတောင်းလို့ ပေးလိုက်တာ...! " 

".. စစ်... စစ်သူကြီးချုပိ ဟောက်ထျန် ဟူတ်လား... ?"
ရှောင်းချူးလဲ အံသြကြက်သေသေသွားပြီးမှ အကျယ်ကြီး ရေရွတ်လိုက်လေသည်။

စစ်သူကြီးချုပ်ဟောက်ထျန်ဆိုတာဘယ်လိုလူဆိုတာသူအသိဆုံးမလား .....!

လွန်ခဲ့တဲ့ ဘုရင်မင်းမြတ်နှစ်ဆက်တိုင်တိုင် စစ်တပ်ကို အဓိက ချုပ်ကိုင်ထားတဲ့သူ....တပ်မဟာပေါင်းများစွာကို အမိန့်ပေးနိုင်သူ.....
ဘုရင်မင်းမြတ်ကလွဲရင် လူတောင်းနိုင်ငံမှာ အာဏာအရှိဆုံးလူသား... စစ်သည်ပေါင်း သိန်းသန်းမကရဲ့ လေးစားမှုကို ခံယူထားတဲ့သူ...... !
စဉ်းစားရင်းနဲ့ ရှောင်းချူးနဖူးကနေဇော ချွေးတွေအများကြီး စီးကျလာလေသည်။ ကံကောင်းလို့ သူရှောင်လုံရဲ့ ကျောင်းတက်ခွင့်ကိုမပျက်ဖျက်မိခဲ့တာပေါ့...။ ပြီးတော့ သူသာ ရှောင်လုံ အစောင့်သုံးယောက်ကို မသတ်ခဲ့မိတာ ဘုရားမတာပဲ... အဲ့လိုသာမဟုတ်ခဲ့ရင်တော့..........!

သူအတွေးတွေက အဲ့နားကိုရောက်သွားတဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်တခုလုံးအေးစက်သွားကာ တကိုယ်လုံးကြက်သီးတွေထလာတော့သည်။

ကြယ်စကြာဝဠာကျောင်းက ဒီနိုင်ငံကြီးတခုလုံးမှာ အာဏာအရှိဆုံး ပထမတန်းစားကျောင်းတော်ကြီးပဲ....သူတို့ကျောင်းက စိုးရိမ်ကြောက်လန့်တဲ့ သူက ဒိနိုင်ငံမှာ နှစ်ယောက်ပဲရှိလေသည်.....
အဲ့လူနှစ်ယောက်ကတော့ .... လူတောင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်နဲ့ စစ်သူကြီးချုပ်ဟောက်ထျန်ပဲ ဖြစ်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ