".. ဟုတ်ပါတယ်.. ဂိုဏ်းချုပ်.. ရတနာမြေပုံရဲ့ တခြားတဖက်မှာ
ရေးထားတဲ့စာတွေက သားရဲတိရစ္ဆာန် ဘာသာစကာနဲ့ရေးထားတာလေ.. " ဖေးဟိုက မြေပုံပေါ်က စာတွေကို လက်ညိုးထိုးပြပြ်ီးပြောလိုက်သည်။

  ဖေးဟိုရှင်းပြတာကို ကြားတော့ ရှောင်လုံလဲ မြေပုံရဲ့ တခြားတဖက်ကို ကြည့်လိုက်တော့ ဆင်နဲ့တူတဲ့တောင်ပုံရဲ့ အောက်မှာ ထူးဆန်းတဲ့ စာတွေက်ုတွေ့လိုက်လေသည်။

  ရုတ်တရက် မျောက်လေးက စာတွေကိုလက်ညိုးထိုးပြပြီး ရှောင်လုံက်ု ခြေဟန်လက်ဟန်နဲ့ ပြောလိုက်သည်။

  ".. ဟိတ်ကောင်လေး..  ဒီစာတွေက်ု မင်းနားလည်တယ်လို့ ပြောချင်တာလား.. " ရှောင်လုံက မေးလိုက်သည်။

  ".. ကွိ..ကွိ..ကွိ.."ဟု အသံပြုရင် မျောက်လေးက ခေါင်းညိတ်ပြလိုက်သည်။ ပြီးတော့ ခေါင်းခါပြလေသည်။

  ရှောင်လုံလဲ မျောက်လေးကိုခနလောက် ဆက်မေးလိုက်ပြ်ိး နောက်ဆုံးတော့ သူအချက်အလက်မှ သေချာမသိလိုက်ရဘူးလေ ။
ရှောင်လုံလဲ ကြံရာမရစွာနဲ့ မြေပုံကို သူ့ရဲ့နတ်လက်စွပ်ထဲကို သိမ်းထားလိုက်သည်။

  သူ့အခုလောလောဆယ် မြေပုံထဲက ဆင်နဲ့တူတဲ့ တောင်ကြိးက ဘယ်မှာရှိလဲ မသိသေးပင်မယ့် ရှောင်လုံ စိတ်ထဲမှာ ရတနာမြေပုံက မျောက်လေးနဲ့ တနည်းနည်းဆက်စပ်နေလိမ့်မယ်လို့ သူခံစားလိုက်ရသည်။

  အဲ့နောက် ရှောင်လုံနဲ့ ဖေးဟိုလဲ မြေကြီးပေါ်က အလောင်းတွေကို လက်စဖျောက်လိုက်ကျသည်။ ရှောင်လုံက ချန်ဖန်ကိုယ်ထဲက
အဆင့်မြင်လျိုဝှက်ဆန်းကြယ်သိုင်းအဆင့် လနက်သိုင်းကျမ်းကို
တခြားရွှေဒင်္ဂါးတွေဆေးပုလင်းတွေနဲ့အတူ ရှာတွေ့လေသည်။

  ရှောင်လုံလဲ အကုန်လုံးကို နတ်လက်စွပ်ထဲကိုထဲ့သိမ်းလိုက်သည်။

  အဆင့်မြင့်လျိုဝှက်ဆန်းကြယ်အဆင့် သိုင်းက သူ့အတွက်အသုံးမဝင်ပင်မယ့် သူလေလံပွဲမှာသွားရောင်းရင် ရွှေဒင်္ဂါးတွေအများအပြားရနိုင်တယ်မလား ။ ဟောင်ကလန်မှာတောင် အဆင့်နိမ့်လျှို့ဝှက်ဆန်းကြယ်သိုင်းကျမ်းပဲအဆင့်ကိုပဲ ပိုင်ဆိုင်တယ်လေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now