ခရမ်းရောက်မျောက်လေးက ခေါင်းညိတ်ပြလိုက်ပြီး သစ်ပင်ပေါ်ကိုခုန်တက်လိုက်ကာ သစ်တောထဲကိုဝင်သွားလေသည်။

  ဖေးဟိုကတော့ သစ်ကိုင်းခြောက်တချို့ကိုရှာပြီး မီးစတင်မွှေးတော့သည်။ ခနကြာတော့ မျောက်လေးက သူလက်ထဲမှာ အသီးအများကြီးယူပြီး ပြန်ပေါ်လာပြီး သူပါးစပ်ထဲမှာတော့ အသီးတွေ တကျွတ်ကျွတ်ဝါးစားနေသည်။

  " .. ဒါကရေခဲသီးမဟုတ်လား..?  " ဖေးဟိုက မျောက်လေးလက်ထဲက ထွင်းဖောက်မြင်ရမတတ်ကြည်လင်နေတဲ့ အသီးကိုကြည့်ရင်း အံသြစွာနဲ့ ရေရွယ်လိုက်လေသည်။

  ရေခဲသီးကမြင်ရခဲပြီးတော့ အတွင်းအားကီတွေကို အဲ့လောက်မတိုးတက်စေပင်မယ့် ခန္ဓာကိုယ်ကိုပိုမိုသန်မာစေပြီး စျေးကွက်ထဲမှာ ဝယ်မယ်ဆို ငွေဒင်္ဂါအမျောက်အများကုန်ကျနိုင်လေသည်။

  ဖေးဟိုအြံသမင်သက် သွားတာတွေ့တော့ မျောက်လေးက ဂုဏ်ယူစွာနဲ့ ခေါင်းကိုမော့လိုက်သည်။ အဲ့နောက်သူလက်ထဲက ရေခဲသီးရှစ်လုံးကို ချရင် တကွိကွိအော်ကာ သစ်တောထဲထပ်ဝင်သွားပြီး ပြန်လာတော့ ရေခဲသီးအများအပြားထပ်ပါလာလေသည်။

  မျောက်လေးရဲ့ ဂုဏ်ယူနေတဲ့ ချစ်စရာအမူအရာကိုမြင်တော့ ရှောင်လုံက ပြုံးရင်းခေါင်းကိုခါလိုက်သည်။

  ဒီရက်ပိုင်းခရီးသွားနေစဉ်မှာလဲ မျောက်လေးကြောင့် ဖေးဟိုနဲ့ ရှောင်လုံတို့အရသာ ရှိတဲ့ အသီးတွေအများကြ်ိးကိုစားခဲ့ရတယ်မလား။

  ရေခဲသီးတွေအနားမှာထိုင်ရင်း ရှောင်လုံတို့လဲ အစာခြောက်အနဲငယ်ထုတ်ရင်း ရေခဲသီးနဲ့အတူစားလိုက်ကျသည်။

ရေခဲသီးက အေးစိမ့်ပြီး မွှေးပျံတဲ့အနံနဲ့ အရသာအလွန်ရှိပြီး ရှောင်လုံလဲသုံးလုံးလောက်စားပြီးတဲ့နောက်ဗိုက်ဝသွားလေသည်။

အဲ့နောက် ရှောင်လုံက ဖေးဟိုကို " .. အသားမရှိတာတော်တော်ဆိုးတယ်ကွာ..အသားကင်လေးနဲ့ ဝိုင်လေးနဲ့သာဆို နတ်ပြည်ရောက်သလိုနေမှာပဲ..  " ရှောင်လုံကအရင်ဘဝကတည်းက ဝိုင်ကိုအရမ်းကြိုက်ပြီး ဒီဘက်ဘဝရောက်ကတည်းက ဒီကမ္ဘာရဲ့ ဝိုင်ဘယ်လောက်ကောင်းတယ်ဆိုတာ သူမမြည်းရသေးဘူးလေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now