ဒါပင်မယ့်မျောက်လေးကတော့ သားရဲအမြူတေကို
မြိုချပြီးတာတောင် ဘာမှမဖြစ်ပဲ အေးအေးဆေးဆေးပဲ
ရှိနေလေသည်။

    မျောက်လေးကို ကြည့်ရင်း ရှောင်လုံလဲ ပြောစရာ စကားလုံး
ပျောက်ဆုံးသွားသည်။ အဲ့နောက် သူတို့မြွေအသေကောင်ကြီး
နားကနေ စွန်ခွာလာပြ်ီးတော့ ဟောင်ကလန်ကို ပြန်လာကျသည်။

  ဟောင်ကလန်ပြန်ရောက်လာတော့ ရှောင်လုံက အစေခံတွေကို
ဝိုင်တဂျားဝယ်ခိုင်းလိုက်ပြီးတော့ စပါးကျီးသည်းခြေနဲ့ ရောပြီး
တကျိုက်ထဲ မော့သောက်လိုက်လေသည်။

    ဝိုင်ကိုသောက်ချလိုက်တာနဲ့ သူခန္ဓာကိုယ်တခုလုံး စွမ်အား
အရိုင်းတွေထွက်ပေါ်လာပြီး နွေးထွေးတဲ့ စွမ်းအားတွေအဖြစ်
တကိုယ်လုံးကို ပျံနှံသွားလေသည်။

   ရှောင်လုံလဲ စပါးကျီးသည်းခြေက အရိုင်းစွမ်းအားတွေကို
စုပ်ယူနိုင်ဖို့ အက်ဆူရာသိုင်းကို လေ့ကျင့်လိုက်လေသည်။

  တညကုန်ဆုံးသွားတော့သည်။

  သူနိုးလာတဲ့ အခါ သူ့မျက်လုံးတွေမှာ ပျော်ရွှင်မှုတွေ အထင်းသားပေါ်နေပြီးတော့ မနေ့က စပါးကျီးသည်းခြေက ရတဲ့အတွင်းအားကီတွေက သူတလလောက် ကြိုးကြိုးစားစားလေ့ကျင့်မှ ရတဲ့ အတွင်းအားကီတွေနဲ့ ညီမျှလေသည်။

   သူ့စိတ်ထဲမှာလဲ သိုင်းအဆင့်လေးကို ရောက်တော့မယ်လို့ ခံစားမိနေသည်။ အဆင့်၃ နဲ့ အဆင့်၄ ကြားက အတားအဆီးအလွှာက တဖြည်းဖြည်းပါးလာပြီးတော့ အချိန်မရွေး ကွဲပျက်သွားနိုင်မယ့်ပုံဖြစ်
နေလေသည်။

    သူမတ်တပ်ရပ်ရင်းနဲ့ ကျောက်စိမ်းကုတင်ကို အက်ဆူရာ သိုလှောင်လက်စွပ်ထဲမှာ သိုင်းပြီးတဲ့နောက်မှာပဲ သူ့ခြံလေးရဲ့ထိပ်ကနေ သူ့ညီမ ဟောင်မင်ရဲ့ အော်ခေါ်သံကို ကြားလိုက်ရလေသည်
" အကိုကြီး.......အကိုကြီး..."

     ရှောင်လုံလဲ နဲနဲထူးဆန်းသွားပြီးတော့ အခုမှ နေထွက်ခါစရှိသေးတယ် ဒီကောင်မလေးငါ့ကိုဘာလို့လာခေါ်ပါလိမ့် အဲ့နောက်ရှောင်လုံလဲ သူ့အခန်းထဲကနေ အပြင်ကိုထွက်လိုက်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now