အဲ့ဒါကိုကြားတော့  ဟောင်ပန်မျက်နှာက ဒေါသထွက်လွန်းလို့နီရဲနေပြီးတော့ ဒါဆို သူတို့သားအဖက ဟောင်ဝူရဲ့ မြောက်ဘက်ခြံဝန်းကိုတမင်သက်သက် ပြသနာလာရှာတာလို့ဆိုလိုချင်တာလား ?။
ရှောင်လုံကတော့ ဟောင်ဝူနဲ့ ဟောင်ဝေတို့ သားအဖနှစ်ယောက် သရုပ်ဆောင်နေတာကို ကြည့်ရင်းနဲ့ ရင်ထဲမှာ မဲ့ပြုံးပြုံးလိုက်သည်။

  "အကိုကြီး ... ဒိကိစ္စကို ဘယ်လိုထင်လဲ" ဟောင်ပန်က သူ့ဒေါသကိုထိန်းရင်းနဲ့မေးလိုက်သည်။ ဟောင်မင်က လက်ကိုခါရင်းနဲ့ မျက်နှာသေနဲ့ပဲ " ကောင်းပြီး...  ညီနစ်.. ဒိလိုကိစ္စမျိုး မရှိဘူးဆိုမှတော့   မင်းပြန်လို့ရပြီ "။ ဒိလိုကိစ္စမျိုးမရှိဘူး..  ဟောင်ဝူရဲ့ဆိုလိုရင်းက ဟောင်ပန်က တမင်ပြသနာလာရှာတယ်လို့ပြောတယ်ဆိုတာ ထင်ရှားနေတယ် ။

   ဒေါသကိုထိန်းရင်းနဲ့ ဟောင်ပန်ကမေးလိုက်သည် " အကိုကြီးဆိုလိုတာက ကျွန်တော်တို့သားအဖက တမင်ပြသနာလာရှာနေတယ်လို့ ဆိုလိုချင်တာလား..!"
   ဟောင်ဝူက မျက်မှောင်တွန့်ရင်း မျက်နှာကအေးစက်သွားပြီးတော့ " ဒီကိစ္စက တကယ်ဆိုရင်တောင် ဘာဖြစ်လဲ?  မိသားစုသိုင်းပြိုင်ပွဲမှာ ရွယ်တူတွေ သိုင်းပြိုင်ကျတာပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား?.."

 
ဟောင်မင်က သိုင်းပြိုင်ပွဲကိစ္စကိုပြောပင်မယ့် ဟောင်ဝေက ရှောင်လုံလက်တွေကို သုံးစားမရအောင်လုပ်မယ့် အချက်အလက်တွေကိုကချန်ထားခဲ့သည်။

  ဟောင်ပန်က မတ်တပ်ထရပ်ရင်းနဲ့ သူ့အကိုကြီး ဟောင်ဝူကိုစိုက်ကြည့်ရင်းနဲ့ " ဒါဆို ဟောင်ဝေက ရှောင်လုံလက်နှစ်ဖက်ကို ဖျက်ဆီးမယ်ဆိုရင်တောင်ဒီကိစ္စက သာမန်ပဲလား ? "

ဟောင်မင်က မျက်နှာထားမပြောင်းပဲပြောလိုက်သည် " ဒါဆိုမင်းဆိုလိုချင်တာက ဒီနှစ်မိသားစု တွေ့ဆုံပွဲကျရင် သိုင်းပြိုင်ပွဲကိုပယ်ဖျက်ပေးရမယ်လို့ ဆိုလိုတာလား?  မိသားစုအချင်းချင်း သိုင်းဖလှယ်ကျတဲ့ ပွဲက အဖေကိုယ်တိုင် စည်းကမ်းချမှတ်ထားတာနော် .. မင်းဆိုလိုတာက အဲ့လို ယှဉ်ပြိုင်ခိုင်းတဲ့ အဖေ့ကိုမှားနေတယ်လို့ ပြောချင်တာလား..?"
 
   ရှောင်လုံရဲ့မျက်လုံထဲမှာ ဒေါသအရောင်နဲ့ လက်သွားသည်။ သူ့အဖေဆိုလိုတာက ဟောင်ဝေကို ရှောင်လုံအပေါ်ကိုညှာတာစေချင်တာ..  ဒါကိုလူတိုင်းသိတာတောင် ဟောင်ဝူက စကားကိုလှည့်ပြောပြီးတော့ သူ့အဖိုးနဲ့လှည့်ပြီးရန်တိုက်ပေးနေတာကို မြင်တော့ သူဒေါသထွက်သွားသည်။ ဇောင်ဂန်နဲ့ ဇောင်ရှုဒေါင်တို့ သားအဖက ဘာမှမပြောပင်မယ့် သူတို့မျက်လုံးတွေက ဒီအဖြစ်အပျက်အပေါ် ကျေနပ်နေကျတယ်ဆိုတာပေါ်လွင်နေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now