အဲ့လိုနဲ့ သူတို့မောင်နှမ နှစ်ယောက်ပြေးရင်းနဲ့ တောင်ခြေက သူတို့ရဲ့ ဟောင်မျိုးနွယ်စု နေရာကိုပြန်ရောက်လာသည်။ အရင်ဘဝက ရှောင်လုံက အသက်၁၇နှစ်ပင်မယ့် သူ့ညီမလေးဘေးမှာတော့ သူပါကလေးပြန်ဖြစ်နေတော့သည်။

   သူတို့မျိုးနွယ်စုခြံဝင်းထဲ ပြန်ရောက်တဲ့အခါမှာတော့ တည်ကြည်တဲ့ သတ်လတ်ပိုင်းအရွယ် လူကြီးတယောက်နဲ့ ၃၅နှစ်လောက်ရှိမယ့်  ချောမောလှပတဲ့ အမျိုးသမီးတယောက်ကို မြင်လိုက်သည်။ ဒိလင်မယားကတော့ ရှောင်လုံရဲ့ အဖေနဲ့ အမေ ဟောင်ပန် နဲ့. စုရန်ပဲ ဖြစ်သည်။

  ရှောင်လုံက ခန်းမထဲကိုဝင်ရင်းနဲ့မေးလိုက်သည်။ " အဖေနဲ့အမေ သားကိုရှာနေတာလား  " ။ ဟောင်ပန်က သူမျက်ခုံးထူထူနှစ်ဘက်ကိုပင့်ရင်းနဲ့ "မနက်စောစောစီးစီးကို ဘယ်ကနေပြေးလာကျတာလဲ  "

" ကဲပါ ကလေးတွေကိုဆူမနေပါနဲ့တော့ " ရှောင်လုံအမေ စုရန်က အပြုံလေးနဲ့ဝင်ပြောလိုက်သည်။ "လုံအာ(ဆိုတာက တရုတ်မိသားစုတွေမှာ ကလေးတွေကို နာမယ်အဖျားစွတ်ခေါ်တဲ့ပုံစံ) ရက်အနဲငယ်ဆို သား၇နှစ်ပြည့်ပြီလေ သားကိုယ်ထဲက သိုင်းဝိညဉ်ကို နှိုးထရမယ့်အချိန်ပဲ မင်းအဖေနဲ့ အမေနဲ့က သားကို သိုင်းဝိညဉ်နှိုးထတဲ့ ခန်းမဆောင်ကိုခေါ်သွားမလို့ပါ "
   "သိုင်းဝိညဉ်နှိုးထမယ် " ရှောင်လုံခနတော့ ကြောင်သွားသည်။

     ဒိကမ္ဘာမှာကတော့ လူတွေမှာ သူတို့ကိုယ်ထဲက သိုင်းဝိညဉ်တွေရှိကျတယ် ။ သူရဲကောင်းတယောက်ရဲ့စွမ်းအားအနိမ့် အမြင့်က သူ့ကိုယ်ထဲက သိုင်းဝိညဉ်ရဲ့ အစွမ်းနဲ့ သက်ဆိုင်ပြီးတော့ သိုင်းဝိညဉ်တွေကလဲ အဆင့်နိမ့် /အလယ်အလတ် / အဆင့်မြင့်ဆိုပြီးရှိကျပြီးတော့သိုင်းဝိညဉ်အဆင့်၁၀နဲ့ အထက်ကိုတော့ အဆင့်လွန် သိုင်းဝိညဉ်လို့ခေါ်ကျသည်။ အဲ့အဆင့်ကိုပိုင်ဆိုင်တဲ့ သူတွေကတော့ တခေတ်တယောက် ကျော်ကြားတဲ့ သူရဲကောင်းတွေဖြစ်ကျသည်။ သူတို့ရဲ့ သိုင်းဝိညဉ်တွေနိုးထလာမှ ကမ္ဘာကြီးပေါ်က စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်ကျပြီ စစ်သူရဲကောင်းတွေဖြစ်နိုင်ကျတယ် ။
 
သိုင်းဝိညဉ် မပါဘဲမွေးဖွားလာတဲ့သူတွေကိုတော့ ဒိကမ္ဘာကြီးက အမှိုက်သာသာ အဖြစ်သတ်မှတ်ကျသည်။ "သိုင်းဝိညဉ်" ရှောင်လုံရဲ့ မျက်လုံးတွေကလဲ သူ့ဘယ်လိုမျိုးသိုင်းဝိညဉ်ကိုများပိုင်ဆိုင်လဲ ဆိုတာကိုသိချင်စိတ်နဲ့ အရောင်တောပ်လာတော့သည်။ အဲ့နောက်မှာတော့ သူတို့သုံးယောက် သိုင်းဝိညဉ်နိုးထဆောင်သို့သွားကျသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Wo Geschichten leben. Entdecke jetzt