နောက်ထပ်သူစိတ်အပျက်ဆုံးကိစ္စကတော့ ခန္ဓာကိုယ်အသစ်မှာ ပြန်မွေးဖွားလာတာကိုပဲ ရှောင်လုံက သူ့ရဲ့လက်သေးသေးလေးနျေစ်ဘက်ကိုကြည့်ရင်း ခါးသက်သက်ပဲ ပြုံးလိုက်သည်။ အရင်ဘဝကလဲ သူအသက်၃နှစ်ကနေ သိုင်းစကျင့်ခဲ့ပြ်ိး ဆယ်လေးနှစ်လောက် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာတော့ သိုင့်ကျမ်းရဲ့အဆင့်ကိုးကိုရောက်ခဲ့သည်။ သူလုံးဝမထင်ခဲ့တာက နောက်ဘဝကိုပြန်လည်မွေးဖွားပြီး ဒိသိုင်းကိုပဲအစကနေ ပြန်လေ့ကျင့်ရမယ်ဆိူတာကိုပဲ။

   အဲ့အချိန်မှာ တောင်ခါးပန်းဘက်က ခြေသံဖွဖွနဲ့ပြေးလာတဲ့အသံက သူ့နားထဲကိုဝင်လာရင်ပဲ ရှောင်လုံကလှည့်ကြည့်စရာကိုမလိုပဲ ဘယ်သူလဲဆိုတာကိုအတတ်သိလိုက်သည်။ အဲ့နောက်မှာတော့ နူးညံတဲ့ကလေး အသံလေးကိုကြားလိုက်ရသည် "အကိုကြီး ဒိမှာရှိမယ်မှန်းသိသားပဲ အဖေနဲ့အမေက အကိုကြီးကိုခေါ်ခိုင်းလိုက်တယ် "

  ရှောင်လုံကလှည့်ကြည့်လိုက်ရင်ပဲ ဆံပင်နှစ်ဘက်ကို ကြက်တောင်စည်းစီးထားတဲ့ အသက်၅နှစ်အရွယ် မျက်လုံးဝိုင်းဝိုင်း ချစ်စရာကောင်မလေးကို မြင်လိုက်ရသည်။ သူမကတော့ ဟောင်ရှောင်လုံရဲ့ချစ်စရာညီမလေး ဟောင်မင်ပဲ ဖြစ်သည်။ ရှောင်လုံမှာက ဟောင်မင်အပြင် ဟောင်ရှောင်ဟိုင်ဆိုတဲ့ညီငယ်တယောက်လဲရှိသည်။ "အဖေနဲ့ အမေက ဘာလို့ရှာနေတာလဲ ဘာဖြစ်လို့လဲ" ရှောင်လုံက သူ့ညီမကို ပြန်မေးလိုက်သည် ။

  "မသိဘူးလေ" ဟောင်မင်က အပြစ်ကင်းတဲ့အသံလေးနဲ့ ပြန်ပြောလိုက်သည် "အကိုကြီး မြန်မြန်ပြန်ကျရအောင် နောက်ကျနေရင် တောင်ခါးပန်းကိုအဖေနဲ့အမေ လိုက်လာလိမ့်မယ်နော်"

အဲ့ဒါကိုရှောင်လုံကြားတဲ့ အခါမှာတော့ သူညီမရဲ့မို့မို့ဖောင်းဖောင်းပါးနှစ်ဘက်ကို အသာညစ်လိုက်ရင်းနဲ့ ပြောလိုက်သည် "သွားကျစို့"

   ဟောင်မင်ကရှောင်လုံညစ်လိုက်တဲ့  ပါးနှစ်ဘက်ကိုပွတ်ရင်းနဲ့ နှုတ်ခမ်းဆူပြီး မျက်နှာဆူပုတ်ရင်းနဲ့." အကိုကြီးကတကယ်ကိုမုန့်ဖို့ကောင်းတယ် ညီမလေးပါးကိုမညစ်ပါနဲ့လို့ဒိလောက် အကြိမ်ကြိမ်ပြောထားတာကို " ဟောင်မင်ပြောပြီးပြီးချင်းပဲ သူမပါးက ထပ်ညစ်ခံလိုက်ရသည်။ အဲ့နောက်ရှောင်လုံက ရီမောရင်းနဲ့ ဟောင်မင်ရှေ့ကနေ ထွက်ပြေးတော့သည် ဟောင်မင်ကလဲ ဆူးဆူးဝါးဝါး အော်ရင်းနဲ့ သူနောက်ကနေပြေးလိုက်တော့သည် "အကိုကြီးမပြေးနဲ့နော်"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now