Crazy Over On Me (Behind the scene)

1.2K 137 60
                                    

AN - Extra ဆိုတာထက် ဂယူဗင် ရဲ့ Pov တွေမို့ behind the scene လို့ name တပ်လိုက်တာပါ။

                          • • • • • •

ကင်ဂယူဗင် _ လူအများစုကတော့ သူ့ဘဝကို အားကျတယ်တဲ့။ အားကျလည်းကျချင်စရာပဲလေ။ သူဌေးမိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အပြင် မျက်နှာလေးကလည်း မွေးကထဲက သပ်သပ်ရပ်ရပ်၊ သားသားနားနားလေးရယ် ။ ဂယူဗင် ဟာ လိုတိုင်းရတဲ့ သူ့ဘဝကို ငယ်ရွယ်စဉ်ထဲက ကျေနပ်ခဲ့တာဖြစ်တယ်။

တစ်နေ့ _ သူ့ဘဝထဲကို အရုပ်လေးတစ်ရုပ် ဝင်ရောက်လာတဲ့နေ့ ။ ဝင်ရောက်လာတယ် ဆိုတာထက် သူကိုယ်တိုင်က အတင်းခေါ်ယူခဲ့တယ်ဆို ပိုမှန်မယ်။ သူ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကတော့ သူ့အတွက် အမှတ်တရအကြီးကြီးတစ်ခုဖြစ်ခဲ့တယ်။ လက်ဆောင်အနေနဲ့ကတော့ ကော်ပတ်ရုပ်လေး တစ်ရုပ်ကို ဂယူဗင် က ရရှိခဲ့တော့တယ်။

အဲ့နေ့က စိတ်မပါ၊လက်မပါနဲ့ မိဘမဲ့ဂေဟာကို ဂယူဗင်က လိုက်ခဲ့ရတယ်။ အမှန်ဆို သူက အိမ်မှာပဲစာဖတ်ချင်တာ၊ ဂေဟာမှာက ကလေးတွေအများကြီးနဲ့ စိတ်ရှုပ်တာ မကြိုက်ဘူး ။ ဒါကြောင့် လူရှင်းတဲ့ ‌နေရာလေးမှာ စာဖတ်နေတုံး သူ့အာရုံကို ဖျက်စီးလိုက်တဲ့ အနှောင့်အယှက်ပိစိလေးရယ် ။

သူထိုင်နေတဲ့ခုံပေါ်က စုပ်လုံးကို ယူပြီး လှစ်ခနဲပြေးဖို့ပြင်တာမို့ ဂယူဗင် ကပဲ အမြန်တားလိုက်ရတယ်။

"ဟို_ဟို - စုပ်လုံးလေးလာယူတာ ၊ သွားတော့မယ်"

နှုတ်ခမ်းရဲရဲလေးကြားက ထွက်လာတဲ့ဝဲတဲတဲအသံလေးကြောင့် ဂယူဗင် ဟာ စကားသံတို့ထပ်ကြားချင်လာရတယ်။
ဒီအသံချိုချိုလေးကို သူနေ့တိုင်းကြားချင်လာတယ်။ ဒါကြောင့် ၁၂ နှစ်အရွယ်နဲ့ မလိုက်ဖက်တဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ သူက ဒီကောင်လေးကို မရရအောင် မွေးစားခဲ့တယ်။

ဒီကောင်လေးလက်ကို ဆွဲပြီး အိမ်ပြန်ခဲ့ရတဲ့ အချိန်ဟာ သူ့အတွက် အပျော်ရွှင်ရဆုံးပဲ။ ဒီလက်ကိုလည်း သူက အကြာကြီးတွဲချင်တယ်လို့ စိတ်ထဲတွေးခဲ့မိသေးတယ်။

ကောင်လေးနာမည်က ရှန်ချွမ်းရွေ့ တဲ့ ။ မွေးစားခဲ့တယ်ဆိုပေမယ့် သူ့မျိုးရိုးနာမည်ပေးပြီး အမျိုးစာရင်းထဲထည့်မသွင်းနိုင်ဘူး။ ဂယူဗင် က ညီအစ်ကိုဖြသ်ချင်တာမဇ မဟုတ်ပဲ ။

Paradise Of MinamzWhere stories live. Discover now