Crazy Over On Me

1.9K 155 80
                                    

Kim JiWoong × Kim Gyu Vin × Ricky Shen

Obsessive JiWoong & Possessive Gyu Vin

                           • • • • • •

ဆိုလ်းမြို့အစွန်က မိဘမဲ့ဂေဟာလေးတစ်ခု ။
ဂေဟာက ကလေးတွေအကုန်လုံးက သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ထားကြပြီး အလှူရှင်မိသားစုကို ဆရာမတွေနဲ့အတူ ဂေဟာရှေ့ကနေ ထွက်ကြိုနေကြတယ်။

ကလေးအုပ်စုထဲ ကိုရီးယားလူမျိုးမဟုတ်တဲ့ လူမျိုးခြားကလေးလေးတစ်ယောက်လည်းပါနေတယ် ။ ဒီကလေးက ရွယ်တူကလေးတွေထက် အရပ်လေးမဆိုသလောက်ရှည်နေတာမို့ အားလုံးကြားထဲ သူတစ်ယောက်ထဲ ထင်းထွက်နေလေရဲ့ ။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဒီဂေဟာကို ရောက်လာတာမို့ ရှန်ချွမ်းရွေ့ အတွက် အရာအားလုံးက ထူးထူးဆန်းဆန်းရယ်

.

ဒီဂေဟာလေးကို သူဌေးကင် တို့မိသားစုက တစ်လတစ်ခါအလှူငွေထည့်လေးရှိတယ်။ အလှူကိုယ်တိုင်လာလုပ်ဖြစ်တာကတော့ သူတို့မိသားစုရဲ့ ရင်နှစ်သည်းခြာ တစ်ဦးတည်းသောသားလေး မွေးနေ့ကျမှ။

သူဌေးကင်တို့ လင်မယားက ဂေဟာပိုင်ရှင်တွေနဲ့ အလှူကိစ္စ‌ပြောနေတာမို့  ကင်အငယ်လေး က ဂေဟာဝန်းထဲ ထွက်လာခဲ့သည်။ မွေးနေ့ရှင်လေးဟာ ၁၂ နှစ်ဆိုတဲ့ အရွယ်နဲ့မှ မလိုက် တည်ငြိမ်လွန်းတယ်။ လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ဂေဟာကကလေးတွေနဲ့လည်း မ‌ဆော့ ။

သစ်ပင်အောက်က ခုံလေးမှာ ထိုင်နေတဲ့ ကောင်လေးကိုကြည့်ပြီး ချွမ်းရွေ့ ဟာ အဲ့ခုံနားကိုလည်း မသွားရဲ ။ သို့ပေမယ့် သူစားလက်စ စတော်ဘယ်ရီစုပ်လုံးက အဲ့ခုံပေါ်မှာလေ။
ဒီတစ်လုံးကုန်ရင် ထပ်ဝယ်မပေးဘူးဆိုတဲ့ သူ့ဆရာမကြောင့် သူက နှမြောစိတ်နဲ့ မဝံ့မရဲတိုးသွားမိသည်။

"ဟို...ဟို - စုပ်လုံးလေး လာယူတာ ။ သွားတော့မယ် "

"နေဦး"

စုပ်လုံးယူပြီး လှည့်ပြေးမယ့် ချွမ်းရွေ့ ရဲ့ ခြေလှမ်းတွေဟာ အနောက်က အသံခပ်မာမာကြောင့် ရပ်တန့်သွားရတယ်။
ဘာလို့ သူ့ကိုအခုလို ရပ်ခိုင်းရတာလဲနော်။ သူက သူ့မုန့်သူယူတဲ့ဟာကို !

"ဘာတွေပြောသွားတာလဲ။ ထပ်ပြော "

ကိုရီးယားသံမပီကလာ ၊ ပီကလာ ကို တစ်ဖက်က နားမလည်ဘူးထင်ပါတယ်။  သူလည်း ပီအောင်ပြောတာပဲ ကို နားမလည်တာတော့ မတတ်နိုင်ဘူး ။

Paradise Of MinamzWhere stories live. Discover now