My Blue Moon (Final)

1.3K 133 159
                                    

နန်းတော်တမျှခမ်းနားတဲ့ ဂျော်ရာခေါင်းဆောင်ရဲ့စံအိမ်။ အခြွေအရံတွေလည်းများသလို အပြင်အဆင်ကလည်းခမ်းနားတာမို့ ချွမ်းရွေ့ဟာ တအံ့တဩနဲ့ လိုက်ကြည့်နေမိတယ်။ ဒီစံအိမ်ဟာ သူနေခဲ့ဖူးတဲ့ အန်ယန်းကအိမ်ထက် အဆပေါင်းများစွာ ကွာခြားလွန်းနေတယ်။

သူ့အတွက် ဂယူဗင်ပြင်ဆင်ပေးထားတဲ့ အဆောင်ကလည်း အန်ယန်းမှာ သူမြင်တွေ့ဖူးသမျှအခန်းတွေထက် သာလွန်နေတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ဥယျာဉ်အသေးလေးတစ်ခုရှိပြီး အဆောင်တစ်ခုလုံးကလည်း ချွမ်းရွေ့စိတ်ကြိုက် အရောင်နုလေးတွေနဲ့ ။

"ဘယ်လိုလဲ။ အဆောင်ကို ကြိုက်ရဲ့လား။ "

သဘောကျတယ်ဆိုတာကို ချွမ်းရွေ့ က ခေါင်းညိတ်ပြလိုက်ပေမယ့် ဂယူဗင်ကတော့ ချွမ်းရွေ့မျက်နှာကို စိတ်ပူဟန်နဲ့ သေချာလိုက်ကြည့်တယ်။

"မျက်နှာလေးကလည်း ညှိုးနေတာပဲ။ အရှင်သခင်လေး ဘာတွေအလိုမကျနေလဲ။ ကိုယ့်ကိုပြော "

"ပင်ပန်းနေလို့ပါ။ ချွမ်းနားချင်လို့ တစ်ယောက်တည်းနေခွင့်ပြုပါ အရှင် "

"အရှင် လို့ မခေါ်ပါနဲ့။ အဲ့တာ တခြားသူတွေခေါ်တာ။ ချွမ်းက ကိုယ်လက်ထပ်မယ့်သူလေ။ ကိုယ့်လက်အောက်ငယ်သားမှမဟုတ်ပဲ ၊ အဲ့လိုခေါ်ဖို့မလိုဘူးလေ။"

"မကြိုက်ရင်မခေါ်တော့ဘူး။ အခုတော့ ချွမ်း တစ်ယောက်တည်းနေချင်တယ်။ ဗင်"

သူ ကြားချင်တဲ့ နာမ်စားမဟုတ်ပေမယ့်လည်း ပြောင်းလဲသွားတဲ့ အခေါ်အဝေါ်ကြောင့် ဂယူဗင်က သဘောကျသလို ပြုံးတယ်။ ချွမ်းရွေ့ရဲ့ ဆံနွယ်တွေကိုလည်း အသဲယားသလို ဆွဲဖွလိုက်သေးတယ်။

"ချွမ်း ခိုင်းချင်တာခိုင်းဖို့ အဆောင်ရှေ့မှာ လူတွေထားပေးထားတယ်။ အဆင်မပြေတာရှိရင်လည်း ကိုယ့်ကိုပြော"

အကြိမ်ကြိမ်မှာတမ်းခြွေပြီးတာနဲ့  ဂယူဗင်ဟာ သူ့နဖူးကို နမ်းပြီး အဆောင်ထဲက ထွက်သွားတော့သည်။ တံခါးပိတ်သံကြားလိုက်ရတာနဲ့ အားတင်းသမျှကို စိတ်လျှော့ချလိုက်တာမို့  ချွမ်းရွေ့ဟာ ကုတင်ပေါ် အရုပ်ကြိုးပျက်လဲကျသွားရတယ်။

Paradise Of MinamzWhere stories live. Discover now