Accidentally Married

2.1K 172 127
                                    

"ဆရာလေး ၊ ဆရာလေး ! "

လူနာမရှိတုံး ဆေးခန်းကို သန့်ရှင်းရေးလုပ်နေချိန် သူ့နာမည်ကို အော်ခေါ်သံကြောင့် ဂျီအွန်း ဟာ ဆေးခန်းရှေ့ကို ပြေးထွက်ခဲ့လိုက်တယ်။ လူနာအရေးပေါ်များဖြစ်တာလားလို့ စိုးရိမ်သွားပေမယ့် သူမြင်လိုက်ရတာကတော့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ပဲ။

"ဘာဖြစ်လို့လဲ"

"ကလေးတွေ ဖဲရိုက်တမ်း‌ဆော့ရင်း ပြဿနာဖြစ်နေကြလို့ ဆရာလေး "

ဂျီအွန်း ဟာ ဒီရွာရဲ့ တစ်ယောက်တည်းသော ဆရာဝန်ဖြစ်တဲ့အပြင် ပညာအရည်အချင်းကလည်းရှိပြန်တော့ ရွာသားတိုင်းက အားကိုးကြတယ်။ တစ်ခုခုဆို ဂျီအွန်း ကို လာပြောရတဲ့အထိ ဒီရွာမှာ ဂျီအွန်းဟာ ရပ်ရွာလူကြီးတစ်ယောက်လို ဖြစ်လို့။

"အဲ့တာ သူတို့မိဘတွေကိုသွားပြောတာ ပိုကောင်းမယ်ထင်တယ်"

ဖဲရိုက်တယ်ဆိုတာပါ ကြားလိုက်ရတာမို့ ဂျီအွန်း ဟာ စိတ်တော့ပူသွားတယ်။ ကလေးတွေဆိုတာ ဖဲ နဲ့ မဆိုင်ဘူးလေ။ ကလေးတွေကို ဆုံးမဖို့ သူတို့မိဘတွေကို သတိပေးရဦးမယ်လို့ ဂျီအွန်းက စိတ်ထဲတောင်တွေးလိုက်မိသေးတယ်။

"မဟုတ်ဘူး ဆရာ ။ ရန်ဖြစ်တဲ့ထဲ ဆရာ့အိမ်သားလေး ပါတယ်။ပြောရရင် ဖဲထုပ်တွေယူလာတာ ဆရာ့အိမ်သားလေးပါ"

"ဘယ်နားမှာဖြစ်နေကြတာလဲ "

ဆရာ့အိမ်သားလေး ဆိုထဲက ဂျီအွန်း ဟာ ‌ဒီအတိုင်းနေလို့မရတော့ ။ ‌ဆေးခန်းတံခါးကို သော့ခဏပိတ်ကာ ဟိုကောင်လေးနောက်ကနေလိုက်ခဲ့ရတော့တယ်။

ရှန်ချွမ်းရွေ့ နဲ့ သူ့မှာလည်း တနေ့တစ်မျိုး မရိုးရဘူး။ ဂျီအွန်း ဟာ လက်ထပ်လိုက်တာလား၊ ကလေးတစ်ယောက် ကောက်ရသွားတာလား မသဲကွဲ‌တော့ ။  ဆေးခန်းကတစ်ဖက် ၊ ဒီကောင်လေးကို ထိန်းရတာတစ်ဖက်နဲ့ ဂျီအွန်း မှာ နားကို မနားရဘူး။

ရန်ဖြစ်နေတယ်ဆိုတဲ့နေရာကို မရောက်ခင်မှာတင် အဝေးကနေ ကြားနေရတဲ့ ရှန်ချွမ်းရွေ့ ရဲ့ အသံစာစာလေး။

"ငါသင်ပေးလို့ မင်းတို့ဖဲ‌ရိုက်တတ်တာမဟုတ်ဘူလား။ အဲ့တာတောင် ငါက မင်းတို့ဆီမှာ ရှုံးတယ်ဆိုတာ ဖြစ်နိုင်လို့လား"

Paradise Of MinamzWhere stories live. Discover now