My Sister's Crush

1.2K 156 145
                                    

"အိုမို ၊ အိုမို ၊ မောင်လေးက ပုံအသစ်တင်ထားတာပဲ"

အိပ်ရာနိုးနိုးချင်း ဖုန်းကိုင်ရုံရှိသေး၊ တွေ့လိုက်ရတဲ့ noti လေးကြောင့် သူမအတွက် မနက်ခင်းဟာ ကျက်သရေရှိသွားသလိုပဲ။
shen_ricky ဆိုတဲ့ ig acc လေးထဲကို ဝင်လိုက်တာနဲ့ လောလောလတ်လတ်တင်ထားတဲ့ ပုံအသစ်လေးတွေကို တန်းမြင်လိုက်ရတာမို့ အသဲပေးရုံသာမက "မမကလေးလေးက အရမ်းမိုက်တာပဲ" ဆိုပြီး ကြူးလိုက်သေးတယ်။

သူမအတွက်တော့ Ricky Shen ဆိုတဲ့ ဂျူနီယာကောင်ချောလေးကို ကြိတ် crush နေရတာနဲ့တင် ဘဝကြီးက ပြည့်စုံနေပြီ။ လက်တွေ့ဘဝမှာသာ ကြိတ်ကြိုက်နေရုံအပြင်မပိုပေမယ့် အတွေးထဲမှာတော့ မိသားစုဘဝတည်ဆောက်ပြီး မြေးတွေရတဲ့အထိ စိတ်ကူးယဉ်ပြီးနေပြီ။ တကယ်လို့များ ကလေးတွေရရင် မောင်လေးရဲ့ ရှန်မျိုးရိုး ကို တပ်ရမလား၊ သူမရဲ့ ကင်မျိုးရိုး ပဲ တပ်ရမှာလား။

"ကင်ဒါယွန်း ! မနက်စာစားတော့မယ်။ မထသေးဘူးလား"

တံခါးကိုတဗုန်း‌ဗုန်းထုကာ အော်ပြောနေတဲ့သူမရဲ့အစ်ကိုကြောင့် သူမရဲ့စိတ်ကူးတွေဟာ လေထဲမှာ ကြက်ပျောက်ဌက်ပျောက်။ ကင်ဂျီအွန်း ဆိုတဲ့ သူမအစ်ကိုဟာလေ ၊ သူမကို နှောင့်ယှက်ဖို့ပဲ မွေးဖွားလာသလားတောင်ထင်ရတယ်။

"နိုးပြီလို့ ! လာခဲ့မယ်။ ခဏလေး "

"မြန်မြန်လာနော်။ နင့်ကို အကြာကြီးမစောင့်ချင်ဘူး"

ဒါလေးကိုတောင်စိတ်မရှည်တဲ့သူမအစ်ကိုဟာ ဒီလိုပုံနဲ့ ဘယ်လိုများဆရာဝန်လုပ်ပါဦးမလဲ။ စိတ်လက်တစ်ဆစ် ကင်ဂျီအွန်းသာ ဆရာဝန်ဖြစ်သွားရင် လူနာတွေအစား ရင်လေးတယ်။

"ကြာနေရင် မနက်စာငတ်မှာနော်။ ကင်ဒါယွန်း"

၂ နှစ်ပဲကွာလို့ထင်တယ်။ သူမ နဲ့ ကိုကြီးဟာ မတည့်အတူနေ အမြဲတမ်း တကျက်ကျက်။ Ricky Shen ကို သူမဘက်က ကြိတ်ကြိုက်နေတာကို ဝေဖန်တဲ့ထဲ ကင်ဂျီအွန်းက အဆိုးဆုံး။

-

-

"အိုမားရေ ! မောင်လေးခီရှန်က သမီးကို အသဲပုံလေးနှစ်ခု reply ပြန်သွားတယ်။"

ထမင်းစားခန်းထဲကို လူတောင်မရောက်သေးဘူး၊ အဝေးကနေကြားနေရတဲ့ သူ့ညီမရဲ့ ကမ္ဘာပျက်နေတဲ့အသံကြောင့် ဂျီအွန်းဟာ စိတ်ညစ်သလိုခေါင်းခါလိုက်မိတယ်။ စက်မှုတက္ကသိုလ်တတိယနှစ်တတ်နေတာတောင် ကင်ဒါယွန်းဟာ မရင့်ကျက်နိုင်ပဲ ပေါက်ကျော်မလိုမျိုး ရစ်ခီရှန်ရူး ရူးနေတာ။
အဲ့လောက်အရူးထနေတာ သူ့ညီမလို့ပြောရမှာတောင် ရှက်တယ်။

Paradise Of MinamzWhere stories live. Discover now