Candy No.7

1.1K 127 174
                                    

လောကမှာဖြစ်တည်နေသမျှအရာအားလုံးက ချွမ်းရွေ့အတွက် အေးဆေးဖြစ်နေရင်တောင် ဘေးအိမ်ကအစ်ကိုကြီးကတော့ သူ့အတွက် မကျေနပ်စရာအစိုင်အခဲလေး။
ချွမ်းရွေ့ရဲ့ ဘေးအိမ်ကအစ်ကိုကြီးနာမည်က ကင်ဂျီအွန်း။

ချွမ်းရွေ့ဟာ ကင်ဂျီအွန်းကို အမြင်ကပ်တယ်။ စတွေ့ချိန်ထဲက ကြည့်မရခဲ့တာဆို ပိုမှန်မယ်။ ကြီးကြီးမားမားအကြောင်းပြချက်တော့မရှိပေမယ့် ကင်ဂျီအွန်းကို မကျေနပ်စရာအကြောင်းပြချက်ပိစိလေးတွေတော့ရှိသေးတယ်။

ကင်ဂျီအွန်းအပေါ် မကျေနပ်ရခြင်းအကြောင်းပြချက်များ။
၁ - ကင်ဂျီအွန်းက အရမ်းချောလွန်းတယ်။

ကျောင်းမပြောနဲ့၊ ရပ်ကွက်ထဲမှာဆိုရင်တောင် ကင်ဂျီအွန်းက အချောဆုံးလူလို့ပြောလို့ရတယ်။ ကင်ဂျီအွန်းကို သဘောကျနေတဲ့သူတွေကလည်း အထာပေးတဲ့အနေနဲ့ ပိတ်ရက်ဆိုရင် ကင်ဂျီအွန်းအိမ်ကိုလှမ်းကြည့်ရင်း လမ်းမမှာခေါက်တုံ့ခေါက်ပြန်လျှောက်တတ်ကြတယ်။ ပိတ်ရက်တိုင်းအမြဲမြင်နေရတာကြောင့် ချွမ်းရွေ့အတွက်တော့ မျက်စိနောက်လွန်းတာမို့ ကင်ဂျီအွန်းကို အမြင်ကပ်ရခြင်း။

၂ - ကင်ဂျီအွန်းက စာတော်တယ်။

တစ်ကျောင်းလုံးအဆင့်တစ်၊ အခန်းတွင်းအဆင့်တစ်ဆိုတာတွေကို အပေါ်ယံပကာသနလို့သတ်မှတ်ပြီး စာကသေရင်ကိုယ့်နောက်မပါဘူးလို့ ချွမ်းရွေ့က သတ်မှတ်ထားတယ်။ ကင်ဂျီအွန်းကတော့ နံပါတ်တစ်က‌သာသု့နေရာလို့သတ်မှတ်ပြီး စာကိုအရမ်းကြိုးစားတာမို့ ချွမ်းရွေ့နဲ့ဆန့်ကျင်ဘက်။
နေ့ခင်ဘက် ကင်ဂျီအွန်းရဲ့စာကျက်သံကြားရပြီဆိုရင် ဂိမ်းဆော့နေတဲ့ချွမ်းရွေ့ဟာ အမေ့ဆီက မဆီမဆိုင်အဆူခံရတယ်။ဒါကြောင့် ကင်ဂျီအွန်းကို အမြင်ကပ်တယ်။

၃ - ကင်ဂျီအွန်းက လူကြိုက်များလို့ အမြင်ကပ်တယ်။

၄ - ကင်ဂျီအွန်းက စိတ်ထားကောင်းလွန်းလို့ အမြင်ကပ်တယ်။

၅ - လူပျိုပေါက်ဖြစ်နေတဲ့ ချွမ်းရွေ့ကို ကင်ဂျီအွန်းက သူ့ကို ကလေးလို့ပဲသဘောထားနေလို့အမြင်ကပ်တယ်။

၆ - သူတို့ကဘာမှလည်းမဆိုင်ပဲ ကလေးလေးဆိုပြီး ခေါ်တာကိုလည အမြင်ကပ်တယ်။

Paradise Of MinamzWhere stories live. Discover now