Candy

1.7K 174 96
                                    

Ricky Shen !

Ricky Shen ဆိုတာနဲ့ ပြေးမြင်ကြတာဟာ တောင်ကိုရီးယားက ကောင်မလေးတွေအသည်းစွဲ တရုတ်အဆိုတော်ကောင်လေးပဲ။

ရုပ်ကလည်းချော ၊ တစ်ချိန်ထဲမှာပဲ မိမိုက်သလို ချစ်စရာ‌လည်းကောင်းတယ်ဆိုတော့ Ricky မှ  Ricky ဖြစ်နေကြရော။ ငယ်ငယ်လေးနဲ့‌ အဆို၊အက အကုန်ပိုင်တော့ Riyangi တွေရဲ့ အသဲကျော် ၊ Ent ရဲ့ favorite artist ဖြစ်နေရော။

လူတိုင်းဆီကအချစ်ခံရတဲ့ ဒီတရုတ်ကောင်လေးဟာ အခုချိန်မှာတော့ ကြောငြာရိုက်ကွင်းတစ်ခုမှာ ဆူပုတ်နေလေရဲ့။ နှုတ်ခမ်းပါးပါးလေးကလည်းပွစိပွစိနဲ့ မကျေနပ်ချက်တွေကို တစ်ခုပြီးတစ်ခုဖွင့်ထုတ်နေတယ်။

သူ့ရဲ့ချစ်စရာကောင်းအောင် ဆူပုတ်နေတာကို မန်နေဂျာအစ်မ နဲ့ stylist အစ်မတွေကတော့ ကလေးလေးတစ်ယောက်ကိုကြည့်သလိုမျိုး ထိုင်ကြည့်နေကြတာမို့ မျက်စောင်းကထိုးလိုက်သေး။

"ကျွန်တော်ရိုက်ကူးရမယ့်ကြော်ငြာကို သူများကို ပေးလိုက်တာလေ။ ဒေါသထွက်သင့်တယ်မလား "

ကြိတ်မနိုင်ခဲမရဖြစ်နေပေမယ့် stylist အစ်မ ပြင်ပေးနေတာကိုတော့ မှန်ရှေ့မှာ ငြိမ်ငြိမ်လေးခံယူတယ်။ ဆံပင်ပုံပျက်မှာစိုးလို့လည်း အလှကြိုက်လေးက တသသနဲ့။

"ဒီလထဲမှာပဲ မရိုက်လိုက်ရတာ သုံးခုရှိပြီ။ ဘယ်လို entertainment လဲ ! လုံးဝအကျင့်မကောင်းတဲ့ ကုမ္ပဏီအစုတ်ပလုတ် !! "

"Ricky ရယ် ၊ တိုးတိုးပြောပါ။ Boss ကြားသွားရင် ဘယ်လိုလုပ်မလဲ "

"ကြားပါစေ။ ပြဿနာဖြစ်လည်း ရှင်းလိုက်မယ်။
နေရာတကာလိုက်ပိတ်ပင်နေတဲ့ သူဌေးအရူး ! "

Ricky ပြောသမျှကို တခြားသူတွေက ခေါင်းတခါခါနဲ့။တရုတ်ကောင်လေးကတော့ မ‌ကျေနပ်တာတွေများနေပြီမို့ ရွဲ့စောင်းပြောလိုက် ၊ သူဌေးနာမည်တပ်ပြီးပြောလိုက်နဲ့ လူမိုက်လေးကိုဖြစ်လို့နေတော့သည်။

"နောက်ရိုက်ရမယ့်အခန်းတွေရှိသေးတယ်။ တော်ကြာ မုဒ်မဝင်ပဲနေတော့မယ်။ စိတ်လေးလျှော့ပြီး ကြော်ငြာဇာတ်ညွှန်းကိုဖတ်ပါတော့ တရုတ်လေးရယ်"

မန်နေဂျာအစ်မက အခုလိုပြောလိုက်တော့ သူစိတ်တိုနေချိန် အလုပ်ခိုင်းရမလားဆိုပြီး စိတ်ကကောက်သွားပြန်တော့သည်။

Paradise Of MinamzWhere stories live. Discover now