I Don't Love Him

1.9K 191 77
                                    

"သူဌေးလေးရှန် _ ဘာများလိုအပ်သေးလဲ"

"မလိုတော့ပါဘူး အန်ကယ် "

နှုတ်ကနေ ပြုံးချိုစွာ တုံ့ပြန်လိုက်ပေမယ့် စားပွဲဝိုင်းပေါ်မှာ ပြည့်နေတဲ့ ဟင်းပန်ကန်တွေကို ကြည့်ရင်း ရှန်ချွမ်းရွေ့ ဟာ 'တော်တော်လောကွပ်ချော်တာပဲ' လို့ စိတ်ထဲကနေ ခပ်ချဉ်ချဉ်တွေးလိုက်သေးတယ်။ စီးပွားရေးလောကဆိုတာလည်း ဒီလိုပဲလေ။ ကိုယ့်အတွက်အကျိုးအမြတ်ရနိုင်တဲ့လူကို ကပ်ဖားရတာမျိုးတော့ ရှိတာပေါ့ ။

"ဒီပွဲမှာက သက်လတ်ပိုင်းတွေများတော့ ပျင်းနေမှာပဲ"

"မပျင်းပါဘူး"

တော်တော်ကိုပျင်းနေတာ ဦးလေးရေ ဆိုပြီး အော်သာငိုလိုက်ချင်ပေမယ့် အပြင်ပန်းကတော့ အမေမွေးပေးထားတဲ့ မျက်နှာတည်တည်နဲ့ပဲ ။ 

ရှန်ချွမ်းရွေ့ဟာ အခုမှ အသက် ၂၀ ပဲရှိသေးတာ။ ညစာစားပွဲကလူတွေအကုန်လုံးက ၄၀ ကျော်၊ ၅၀ တွေချည်း။ ဒီလောက်အသက်အရွယ်ကွာခြားနေတာ ဘာစကားတွေပြောပြီး ဘယ်လိုပျော်အောင်နေရမှာလဲ။

သူတို့ကြားပြောစရာဆိုလို့ အလုပ်ကိစ္စပဲရှိပေမယ့် လွတ်လွတ်လပ်လပ်နေကြမယ်ဆိုပြီး ပွဲစထဲကပြောထားတော့ ချွမ်းရွေ့ဟာ ဦးလေးကြီးတွေကြားထဲမှာ ပါးစပ်လေးပိတ်လို့ ငုတ်တုပ်လေး ။ ကိုယ်က ဥက္ကဌဖြစ်နေ‌တော့ ထထွက်သွားလို့လည်း မကောင်းတာမို့ ရှယ်ယာရှင်တွေရဲ့ သူတို့သား၊သမီးကဘယ်လိုတော်ကြောင်း၊တတ်ကြောင်းစကားတွေကိုပဲ နားတွေပူလာတဲ့အထိ ထိုင်နားထောင်နေရတယ် ။

"အန်ကယ်က သူဌေးလေး ပျင်းနေပြီထင်တာ "

"အန်ကယ်တို့စကားတွေနားထောင်ရတာနဲ့ ပျင်းချိန်တောင်မရှိပါဘူး"

ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက်နဲ့ စကားပြောနေတုံး သူတို့နားရောက်လာတဲ့ အမျိုးသားတစ်ယောက်။
Suit အမဲကိုဝတ်ဆင်ထားတဲ့ ဒီအမျိုးသားဟာ သမင်လည်ပြန်ကြည့်ချင်လောက်အောင် ချောတယ်ဆိုတာတော့ ချွမ်းရွေ့ မညာချင်ဘူး။

"ဪ အတွင်းရေးမှူးကင်တောင် ရောက်လာပြီပဲ "

"ဟုတ်တယ်ဗျ ။ သူဌေးလေးက နောက်ပွဲတစ်ခုသွားစရာရှိသေးတယ်။ ဒါကြောင့် သွားလိုက်ပါဦးမယ်။ ခွင့်ပြုပါဦး "

Paradise Of MinamzWhere stories live. Discover now