Crazy Over On Me (II)

1.3K 143 71
                                    

"Daniel Kim ဆိုတော့ ဘယ်သူများလဲလို့ ။ အမေတူအဖေကွဲအစ်ကိုဖြစ်နေတာပဲ။ မ‌တွေ့တာကြာပြီနော် Hyung "

"စိတ်ထဲကမပါတဲ့စကားတွေပြောမနေနဲ့ ဂယူဗင် "

"ကိုရီးယားကနေ အဖေဖြစ်သူနဲ့ ထွက်သွားတယ်လို့ကြားတာ၊ဒီကိုရောက်နေမယ်မထင်ဘူး ။ တိုက်ဆိုင်တယ်နော် အစ်ကို ကို ညီကပြန်ဖမ်းရမှာ "

"မင်းက ငါ့ကိုဖမ်းမယ်ပေါ့။ ဘာအမှုနဲ့ဖမ်းမှာလဲ ။
ငါ့ကိုဖမ်းဖို့ လွယ်မယ်ထင်နေလား "

Eclipse ရဲ့ လူယုံ Daniel Kim ကို ဘာလို့ဖမ်းဖို့ခက်လဲဆို‌တော့ သူဟာ Bar Manager Kim JiWoong အဖြစ်ခြေရာဖျောက်ထားလို့ပဲပေါ့ ။
ဘာသက်သေမှမရှိပဲ သွားဖမ်းရင် ဖမ်းတဲ့လူပဲ ဒုက္ခရောက်မှာ။အဲ့အချက်ကို ကောင်းကောင်းကြီးအသုံးချထားတဲ့ Kim JiWoong က ဉာဏ်ကောင်းလွန်းတယ်။

သို့ပေမယ့် သူက ကင်ဂယူဗင် လေ ။ မလုပ်နိုင်တဲ့အရာ ဘာမှမရှိတဲ့ သူ ။ သူ့အလုပ်ရဲ့ တရားခံကိုရော ၊ သူ့အချစ်ရဲ့ ပြိုင်ဘက်ကိုရော Out သွားအောင် လုပ်ပစ်နိုင်တဲ့သူ !

"ကင်ဂယူဗင်ဆီမှာ အဖမ်းမခံချင်ရင် လွတ်အောင်ပြေးထား !"

"ငါက မကြောက်တတ်ဘူး "

အရယ်အပြုံးမရှိတဲ့ မျက်နှာနဲ့ ပြောနေတဲ့ JiWoong ကို ဂယူဗင်က ကျောခိုင်းလိုက်ပြီး အခန်းထဲကထွက်ဖို့ပြင်တယ်။

"ဒီနှစ်တွေအတွင်း အမေက ကျန်းကျန်းမာမာပဲ။
Hyung သတိရနေမှာစိုးလို့ပြောပြတာ"

တံခါးကိုဖွင့်နေရင်း အနောက်ဘက်ကို လှည့်ပြောလိုက်တော့  ခုံပေါ်မှာတင်ထားတဲ့ ကင်ဂျီဝွန်း ရဲ့ လက်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတာ တွေ့လိုက်တယ် ။
အမေ ဆိုတဲ့အသံကြားတာနဲ့ ဂယူဗင်သဘောကျရလောက်အောင် တစ်ဖက်လူက တုန်လှုပ်နေတော့တာပဲ ။

"သတိလည်းမရဘူး။အဲ့အမျိုးသမီးကို တွေ့လည်းမတွေ့ချင်ဘူး"

သူ အော်ပြောလိုက်တဲ့စကားကို ဂယူဗင် ကြားလား၊ မကြားလားမသိပေမယ့် သူဂရုမစိုက်ဘူး ။ ဒါဟာ သူ့စိတ်သူကြားအောင် အော်ပြောလိုက်ရုံပဲ ။

အမေ ! တခြားသူတွေအတွက် အမေဆိုတာ ဘယ်သူလဲမသိပေမယ့် သူ့အတွက်တော့ နာကျင်စရာအတိတ်တစ်ခုကလွဲပြီး ဘာမှမထူးခြားဘူး ။
တကယ်တော့ အမေ နဲ့ ဂယူဗင် အဖေဟာ ချစ်သူတွေ၊ ဒါကို အဖေက သိရက်နဲ့ အမေ့ကိုအတင်းလက်ထပ်ယူခဲ့တာ။ အဲ့တော့ အဖေ့သွေးကဖြစ်တည်လာတဲ့သူ့ကိုလည်း အမေက အလိုမရှိခဲ့ဘူး။ သာမန်အလိုမရှိတာထက်ကို ခါးခါးသီးသီးပဲ။

Paradise Of MinamzWhere stories live. Discover now