L♡VE

2.2K 177 65
                                    

"မေမေ ကျွန်တော် ရှန်ချွမ်းရွေ့ နဲ့ လက်မထပ်နိုင်ဘူး။
သူရော ၊ ကျွန်တော်ရောက ယောကျာ်းလေးလေဗျာ"

"မေမေ့စကားကို မငြင်းနဲ့ ဂျီအွန်း "

သူ့ဘက်က အကြိမ်ကြိမ်ငြင်းနေတာကို အမေက လက်မခံတာမို့ ဂျီအွန်းဟာ စိတ်ရှုပ်ရှုပ်နဲ့ သူ့ဆံပင်သူဆွဲဖွမိတော့တယ်။
တစ်ဦးတည်းသောသားလေးကို သူ့ထက် ၆ နှစ် ကျော်လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ အတင်းလက်ထပ်ခိုင်းနေတဲ့ သူ့အမေ‌ကို ဂျီအွန်း က ဘယ်လိုမှ နားမလည်နိုင်တော့ဘူး။

သူ့အမေသူငယ်ချင်းရဲ့သား ရှန်ချွမ်းရွေ့ ကို သူသိပါတယ်။
မျက်နှာလေးကချောနေရင်တောင် ရေခဲပြင်ထက်အေးစက်နေတဲ့ အရယ်အပြုံးမရှိမျက်နှာနဲ့ကောင်လေးက ဂျီအွန်း ကိုဆိုရင်တော့ အပြုံးတွေ ဖောဖောသီသီပေးတတ်သေးသည်။
သူဌေးသားပီပီ အရွယ်နဲ့မလိုက်အောင် အကောင်ကြိုက်ပြီး ချေးများတတ်တဲ့ဒီကောင်လေးကို ဂျီအွန်းကတော့ ငယ်ငယ်ထဲက မျက်စိထဲမတွေ့ခဲ့တာ အမှန် ။ ပြီးတော့လည်း အန်တီရှန် တို့က အလိုလိုက်ထားတာကြောင့် ထောင့်လည်းမကျိုးတဲ့ အဆိုးကောင်လေး ။

ရှန်ချွမ်းရွေ့ဟာ ၁၇ နှစ်လောက်ထဲက ဂျီအွန်းနောက်ကို တကောက်ကောက်လိုက်ပြီး စကားထူးထူးဆန်းဆန်းတွေလည်း ပြောတတ်သေးတာမို့ ဂျီအွန်းမှာ မတွေ့အောင် ပတ်ပြေးရသေးသည်။ အခုတော့ မိဘတွေရဲ့ သဘောတူညီချက်ကြောင့် သူ့ဘဝထဲ အရှုပ်ထုပ်တစ်ယောက် က ဝင်ရောက်လာတော့မယ်။

ချစ်ဖို့မပြောနဲ့ ၊ ဒီလိုထောင့်မကျိုးလေးနဲ့ ခဏလေးတွေ့ရင်တောင် မျက်စိနောက်ရတာမို့ လက်ထပ်ဖို့ဆိုတာ အဝေးကြီး ။  သူ့တစ်ဘဝလုံးကို အဲ့ကလေးနဲ့ ဘယ်လိုမှ ရှေ့မဆက်နိုင်ဘူးလေ !

"သား သူ့ကို မချစ်ဘူး မေမေ "

သူ့ကို ချွမ်းရွေ့နဲ့ ဘယ်လောက်တောင် သဘောတူနေမှန်းမသိတဲ့ သူ့အမေဟာ ဒီစကားကြားတော့ ရုပ်ရှင်ကို သဘောကျသူပီပီ သွေးတတ်ပြီးမေ့လဲသွားတော့သည်။
ပြီးတော့ ဇာတ်လမ်းထဲကလို 'မေမေ့ကို စိတ်ချမ်းသာစေချင်ရင် သူ့ကို လက်ထပ်လိုက်ပါ' ဆိုတဲ့ အကွက်တွေနဲ့ ဂျီအွန်းရဲ့ဘဝထဲ ထောင့်မကျိုးလေးကို ဆွဲသွင်းလိုက်ရတော့သည်။

Paradise Of MinamzWhere stories live. Discover now