My Blue Moon (III)

884 131 77
                                    

ဂျီအွန်း နဲ့ ချွမ်းရွေ့ဟာ အခုလက်ရှိ ဘယ်လိုအခြေအနေမှာ ရောက်ရှိနေတာလဲ။

ဟိုနေ့ညက သူတို့နှစ်ယောက်အတူ အနမ်းချင်းဖလှယ်ခဲ့ပြီးထဲက အရင်ကထက် ပိုနီးကပ်လာတဲ့ သူတို့ရဲ့အခြေအနေ။ အန်ယန်းကနေ စထွက်လာချိန်နဲ့မတူပဲ အပြုံးတွေဆင့်လာတဲ့ ချွမ်းရွေ့ ရယ် ၊ လိုအပ်တာထက်ပိုပြီး ရင်းနှီးနေတဲ့ သူတို့နှစ်ယောက်ကြားက ခေါ်ပြောဆက်ဆံမှုတွေ ။

ဂျော်ရာပြန်ရောက်ရင် သခင်လေးကို အရှင်ကထာဝရပိုင်ဆိုင်‌သွားမှာမို့ အခုလက်ရှိအချိန်လေးတော့ ရှန်ချွမ်းရွေ့ကို ဂျီအွန်း က ခဏတာလေးထိန်းသိမ်းထားလို့ ရတယ်မလား။

ဂျီအွန်းတို့ကို တစ်ပတ်အတွင်းပြန်လာဖို့ အမိန့်ပေးထားတဲ့ အရှင်ဟာ  "ဟူရန်မှာ သုံးရက်လောက် နေချင်တယ် " ဆိုတဲ့ သခင်လေးရဲ့စကားကိုတော့ လွန်ဆန်နိုင်တဲ့ပုံမပေါ် ။
စာပို့ခိုနဲ့ "သူပျော်သလောက်နေပါစေ" ဆိုပြီး ပို့လာတာမို့ ဂျီအွန်းတို့ဟာ ဟူရန်မှာ ကြာ‌နေတာဖြစ်တယ်။

ဂျီအွန်း နဲ့ အတူရှိချင်လို့ သခင်လေးက အခုလိုမျိုးအချိန်ဆွဲလိုက်တယ်ဆိုတာ ဂျီအွန်းက သိတယ်။ ဟူရန်ကို လည်ပတ်ရင်း တကယ်လည်း နှစ်ယောက်အတူပျော်ခဲ့ရတဲ့ အမှတ်တရတွေကရှိသေးပြန်တယ်။ ဂျော်ရာရဲ့ ကြင်‌ယာတော်လောင်းနဲ့ စစ်သူကြီးကြားက ဆက်ဆံရေးနဲ့မတူတော့တာမို့ သူ့တပ်သားတွေအမြင်မှာ ဘယ်လိုဖြစ်နေမလဲဆိုပြီး ဂျီအွန်း က စိတ်ပူရသေးတယ်။

"စစ်သူကြီး ၊ အရှင့်ဆီက စာရောက်လာပါတယ် "

ဟူရန်မှာ သုံးရက်နေပြီးပြီမို့ ဂျော်ရာကိုပြန်ဖို့အတွက် ဝေါယာဉ်တွေကို စစ်ဆေးနေချိန်မှာ သူ့တပ်သားတစ်ယောက်ကမ်းပေးလာတဲ့ စာချွန်လေးကို ဂျီအွန်းက ကောက်ဖတ်လိုက်တယ်။

( တပ်မှူးချွဲ အန်ယန်းကနေ ဟူရန်ကိုလာနေပြီ။သူ့ကို စောင့်ခေါ်ပြီး ဂျော်ရာကိုအတူပြန်ခဲ့ )

ဂျီအွန်းဟာ စာကိုဖတ်ရင်း ခေါင်းထဲအတွေးတွေ များသွားရတယ်။ သခင်လေးကို ခေါ်ဖို့ အန်ယန်းကို လာခဲ့တာ ဂျီအွန်းလေ။ အဲ့တာဆို ဂျော်ရာမှာ ရှိနေရမယ့် သူ့သူငယ်ချင်း တပ်မှူးချွဲက ဘယ်လိုလုပ် အန်ယန်းကို ရောက်နေရတာလဲ။
တခါတလေမှာ ဂျီအွန်းဟာ သူတို့အရှင် ရဲ့ အတွေးတွေကို လိုက်မမှီတာ အမှန်ပဲ။

Paradise Of MinamzWhere stories live. Discover now