Bad Together

1.5K 147 118
                                    

တီတီတီတီ

တောက်လျှောက်မြည်နေတဲ့နှိုးစက်သံကြောင့် မဖွင့်ချင်တဲ့မျက်လုံးတွေကိုအတင်းဖွင့်ကာ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ၈ နာရီ ၁၅ မိနစ်။ 9 နာရီ duty ဝင်ရမှာကို မေ့ပြီး သူအိပ်နေမိတာပဲ ၊ သေပါပြီ။

နောက်ကျရင်ဌာနမှူးဆီက အဆူခံရမှာဖြစ်လို့ ချစ်ပေမယ့်လည်း အိပ်ရာနဲ့လမ်းခွဲလိုက်ရကာ ရေချိုးခန်းထဲပြေးဝင်လာခဲ့လိုက်တော့သည်။ ရေမိုးချိုးပြင်ဆင်ပြီးအမြန်လာပေမယ့်လည်း ကားလမ်းတွေကပိတ်နေတာမို့ ဘတ်စ်ကနေ မြေအောက်ရထားပြောင်းစီးပေမယ့်လည်း နောက်ကျတာကနောက်ကျတာပါပဲ။ အမြဲတမ်း အဆင်မပြေတာတစ်ခုမဟုတ်တစ်ခုမဖြစ်ရင် ရှန်ချွမ်းရွေ့ဘယ်ပီသပါ‌တော့မလဲ။

"ရှန်ချွမ်းရွေ့ နောက်ကျပြန်ပြီလား"

"မနေ့ညက သက်သေတွေစုရင်းအိပ်ရာဝင်နောက်ကျသွားလို့ပါ"

'ရာထူးတတ်တာမကြာသေးဘူး၊အချိုးကပြောင်းပြီ' ဆိုတဲ့စကားအစချီပြီး အလုပ်စဝင်ကာစကအမှားတွေကိုပါ စီကာပတ်ကုံးဆူနေတဲ့ စခန်းမှူးရဲ့စကားကိုပါ နားပူတဲ့အထိနားထောင်ခဲ့ရတယ်။

"ချွမ်းရွေ့ ၊ မင်းကို တာဝန်ပေးစရာရှိတယ်။ မူးယစ်ဆေးတွေရောင်းဝယ်နေတဲ့ Hunter Club ကို သိတယ်မလား။ အဲ့ရဲ့ပိုင်ရှင်ကို ဖမ်းဖို့ အထက်ကအမိန့်ကျလာတယ် "

"အဲ့လူက ရာထူးအကြီးပိုင်းကလူတွေနဲ့ အဆက်စပ်ရှိလို့ ဘယ်သူမှမဖမ်းရဲကြတာမဟုတ်ဘူးလား။ "

"ဘာဖြစ်ဖြစ် အထက်ကအမိန့်ပဲငြင်းလို့မရဘူး။အဲ့လူကို မင်းဖမ်းရမယ်။ ရဲမှူးချုပ်က တစ်လအချိန်ပေးထားတယ် "

ဒီအမိန့်က တစ်ခုခုတော့ လွဲနေပြီမဟုတ်ဘူးလား။
ချွမ်းရွေ့က အရင်အပတ်ကမှ ဒုတပ်ကြပ်အဖြစ် ပူပူနွေးနွေးရာထူးတိုးထားတဲ့ ရဲပေါက်စလေးဆိုပေမယ့် ဒီအမှုက သူ့ထက်လုပ်သက်ရင့်တဲ့သူတွေတောင် လက်ရှောင်နေကြတဲ့အမှု။ သူဖမ်းရမယ်ဆိုတဲ့သူက နိုင်ငံအကြီးအကဲတချို့နဲ့ အဆက်အစပ်ရှိလို့ ဖမ်းရင်သေမှာသိသိကြီးနဲ့ အခုသူ့ကို တာဝန်ပေးလာတာ ဘာသဘောများလဲ။

အာဏာရလူကြီးတွေရဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားမှာ သူတို့ဌာနကလူတွေရဲ့အသက်က စတေးခံရမယ့်သဘောလား။

Paradise Of MinamzWhere stories live. Discover now