Untill I Found You

1.8K 144 185
                                    

သာယာလှပတဲ့ မနက်ခင်းဟာ ငှက်သံချိုလေးတွေ၊ နေရောင်ခြည်နုနုလေးတွေနဲ့ စတယ်။ သို့ပေမယ့် သူတို့အိမ်မှာတော့ ကလေးနှစ်ယောက်ရဲ့ ဂျီကျသံနဲ့ ကျန်းဟာအို ရဲ့ ဆူပူသံတွေနဲ့စတယ်။

"မီရီ ၊ နင့်ဦးငယ်ကို မနက်စာစားဖို့သွားခေါ် လိုက်ဦး။
မီယောင်းက Daddy ကို သွားခေါ် ၊ ဟုတ်ပြီလား "

သူ့တူမလေး လာမခေါ်ခင်မှာပဲ  ချွမ်းရွေ့ဟာ ထမင်းစားခန်းထဲ ဝင်ခဲ့လိုက်တော့တယ်။ လက်ထဲမှာလည်း Assignment စာအုပ်တွေ တပုံတပင်နဲ့ ။

ချွမ်းရွေ့ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်တာနဲ့ မီရီက သူ့အနားရောက်လာကာ လုပ်နေကျအတိုင်း ပါးလေးကို နမ်းတယ်။
မီရီက သူ့နားကို ကပ်သလောက် အငယ်မမီယောင်းကတော့ သူ့ဆီက မုန့်တွေလုစားဖို့ပဲ စိတ်ကူးရှိပုံပေါ်တယ်။ အခုလည်း ရေခဲသေတ္တာထဲက စတော်ဘယ်ရီမစ်ရှိတ်တွေကို ယူသောက်ထားလေရဲ့ ။

၆ နှစ်အရွယ်ပိစိလေးတွေနဲ့ အတူနေရတာ တစ်နေ့တစ်မျိုးမရိုးရဘူး။ ရှန်ဟိုင်းမှာ အငယ်ဆုံးဖြစ်ခဲ့သလောက် ကိုရီးယားရောက်တော့ သူ့ထက်ပိုပြီးဂျစ်ကျတဲ့ ညီအစ်မနှစ်ယောက်နဲ့တွေ့မှပဲ ချွမ်းရွေ့ဟာ အလိုလိုက်ရတော့တယ်။

အထက်တန်းကိုရှန်ဟိုင်းမှာပြီးခဲ့တဲ့ ချွမ်းရွေ့ဟာ ဟဲဆောင်းတက္ကသိုလ်မှာတတ်ဖို့အတွက် ကိုရီးယားက သူ့အစ်ကို ကျန်းဟာအို တို့ မိသားစုဆီမှာ အတူလာနေရတာဖြစ်တယ်။
မီရီနဲ့မီယောင်းဆိုတဲ့ ညီအစ်မနှစ်ယောက်ကို မွေးကင်းစအရွယ်ထဲကမွေးစားခဲ့တာမို့ ဟာအိုကောနဲ့ ဟန်ဘင်းဟျောင်း တို့ အိမ်ထောင်ရေးဟာ သာယာဖွယ်အတိ။ ကလေးနှစ်ယောက်ကိုလည်း အချိန်ပေူတဲ့အပြင် ချွမ်းရွေ့ကိုလည်း လိုလေသေးမရှိဂရုစိုက်သေးတယ်။

"ကော ၊ မုန့်ဖိုးပေးပါဦး။ ကုန်သွားပြီ "

"မနက်စာစားပြီးရင် တစ်သိန်းကို အခန်းထဲမှာလိုက်ယူနော် "

"တစ်လလုံးကို တစ်သိန်းက မနည်းဘူးလား ကော "

အထွန့်တတ်နေတဲ့ ချွမ်းရွေ့ကို ဟာအိုဟာ မီယောင်းကိုပေါင်ပေါ်တင်ကာမနက်စာခွံ့ရင်းနဲ့ ခေါင်းလှမ်းခေါက်လိုက်တယ်။
နာသွားတဲ့ခေါင်းကိုလက်နဲ့ပွတ်ရင်း မျက်စောင်းလှမ်းထိုးတာမို့ ဟာအိုက ခပ်စူးစူးလှမ်းကြည့်လိုက်မှပဲ ငြိမ်သွားတော့သည်။

Paradise Of MinamzWhere stories live. Discover now