Candy No.4

1.3K 149 51
                                    

Inspiration from "Salon De Haribo"

-

Kim JiWoong  !
တောင်ကိုရီးယားရုပ်ရှင်လောကမှာ ကင်ဂျီအွန်းလို့ပြောလိုက်ရင် မသိတဲ့သူမရှိတဲ့အထိ အောင်မြင်လွန်းတဲ့ မင်းသားတစ်လက်။
Award တိုင်းရဲ့ ပင်မဇာတ်ဆောင်လိုဖြစ်နေတာမို့  ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေအတွက် ဒါရိုက်တာတိုင်းအမြဲလိုချင်တဲ့သူဖြစ်သလို BA ခန့်ချင်ကြတဲ့ brand တွေလည်း အများအပြား။

ရုပ်ရည်ကလည်း အားလုံးရဲ့အထက်မှာပဲရှိနေတဲ့သူ။
ဒီလိုရုပ်ရည်၊အရည်အချင်းတွေပြည့်နေတဲ့သူကို လူတိုင်းက လိုချင်ကြပြီး Kim JiWoong ဆိုတာနဲ့တင် ဘာနေနေခေါင်းငြိတ်ကြမယ့် လူတွေကရှိနေပြီးသား။

အခုလည်း TV ဖန်သားပြင်မှာပြနေတဲ့ KBS Drama Award မှာ Best Male Actress အဖြစ် ဆန်ကာတင်စာရင်းထဲဝင်နေတာမို့ ဒီဆုကလည်း ကင်ဂျီအွန်းအတွက်ဆိုတာ သေချာနေခဲ့ပြီ။

"ဒီဆုပေးပွဲမှာလည်း ကင်ဂျီအွန်းပဲရမှာပေါ့။ တခြားပွဲမှာလည်း သူပဲရတာမလား"

သူ့လုပ်ဖော်ကိုင်ဖက်တွေပြောသံကို နားမထောင်ရင်တောင် သူ့ဘေးမှာထိုင်နေကြတာမို့ ကြားနေရပေမယ့် သူကတော့ ဘာမှဝင်မပြောပဲ လက်ထဲကဖုန်းကိုသာ အာရုံစိုက်ထားဆဲ။
ဘယ်သူဘာဆုရရ သူနဲ့မဆိုင်သလို ပြောရရင်လည်း အဲ့လိုကိစ္စတွေကို Ricky က စိတ်မဝင်စားဘူးလေ။

"Best Male Actress in 2023 . Congratulations ! Kim JiWoong ဖြစ်ပါတယ်။"

ဆုကြေငြာလိုက်တဲ့အသံနဲ့အတူ လက်ခုပ်သံတွေကိုလည်း တပြိုင်နက်တည်းကြားလိုက်ရတယ်။ စင်ပေါ်မှာဆုတတ်ယူတဲ့ ကင်ဂျီအွန်းက ‌ကျေးဇူးတင်စကားပြောနေတဲ့အချိန်မှာ Ricky ကလည်း သူ့လုပ်ဖောက်ကိုင်ဖက်တွေကိုနှုတ်ဆက်ပြီး  အလုပ်ကနေအိမ်ပြန်လာခဲ့တော့သည်။
ဆိုင်ထဲကမထွက်ခင်မှာ အမှတ်တမဲ့ဆိုသလို TV ပေါ်က ကင်ဂျီအွန်းဆီ အကြည့်ရောက်သွားပေမယ့် Ricky က စိတ်မဝင်စားသလိုနေရင်း တံခါးပြန်ပိတ်ကာ သူ့ကားဆီလျှောက်လာလိုက်တော့သည်။

ကင်ဂျီအွန်းက ဒီဆုပေးပွဲမှာလည်း Best Male Actress ရပြန်ပြီ။ ဒါဆိုရင် ဒီနှစ်ထဲမှာတင် ဒီဆုရတာ သုံးကြိမ်မြောက်ပဲ။

Paradise Of MinamzOù les histoires vivent. Découvrez maintenant