No Reason

1.4K 160 124
                                    

"ရိုက်ကွင်းပြီးပြီ။ ဒါဆို မနက်ဖြန်မှပြန်တွေ့ကြမယ်"

"အားလုံးတာဝန်ကျေပါတယ်"

ဒါရိုက်တာအသံတွေ၊ဝန်ထမ်းတွေရဲ့ အသံကို လျစ်လျူရှုပြီး ဂျီအွန်းက ရှူတင်ကနေထွက်ကာ သူ့ကားဆီကို လျှောက်လာခဲ့လိုက်တော့တယ်။ မနေ့ညကလည်း ရိုက်ကွင်းကြောင့် ၂ နာရီလောက်ပဲအိပ်ရသေးပေမယ့် ဒီနေ့လည်း တစ်ချက်လေးတောင်မနားရပဲ ဆက်တိုက်ဆက်နေတဲ့ ရိုက်ကူးရေးတွေကြောင့် ဂျီအွန်းက တော်တော်ပင်ပန်း‌နေပြီ။

ကားပေါ်ရောက်တာနဲ့ ဂျီအွန်းဟာ အရုပ်ကြိုးပျက်ထိုင်လိုက်ရင်း မျက်လုံးတို့ကို မှေးမှိတ်ထားလိုက်တော့တယ်။

"ဂျီအွန်း ၊ ညကျရင် ပွဲတစ်ခု တတ်စရာရှိတယ်။ မတတ်ချင်ဘူးမပြောနဲ့။ မင်းက အဲ့ပွဲရဲ့ အရေးကြီးဆုံး BA နော် "

သူ့မန်နေဂျာစကားကြောင့် ဂျီအွန်းဟာ ဆက်ပြောမယ့် စကားတွေကို စိတ်ထဲမှာပဲထားလိုက်ကာ ခေါင်းညိတ်ပြလိုက်တယ်။

"ကုမ္ပဏီက ဖုန်းဆက်လာတယ်။ ဇာတ်ကားတစ်ခု သူတို့လက်ခံထားတယ်တဲ့"

"ကျွန်တော့်သဘောကိုတောင်မမေးပဲ သူတို့လုပ်ချင်တာလုပ်တာပဲလား"

"အခုက ကုမ္ပဏီနှစ်ခုပေါင်းလုပ်တဲ့ ပရောဂျက်မလို့ပါ။ မင်းကငါတို့ဆီမှာ နာမည်အကြီးဆုံးလေ၊ အဲ့တော့ မင်းနဲ့ တစ်ဖက်ကုမ္ပဏီက နာမည်အကြီးဆုံးအဆိုတော်ကောင်လေးနဲ့ကို တွဲပြီး ရိုက်တာ ။ တစ်ဖက်ကုမ္ပဏီက Zone လေ "

အဲ့ကုမ္ပဏီက ဂျီအွန်းအတွက် အမှတ်တရတွေအများကြီး။ မမေ့နိုင်သေးတဲ့စိတ်တွေက အတိတ်ကတစ်စုံတစ်ယောက်ကို အမှတ်မထင်သတိရသွားစေတယ်။

"မင်းသမီးကရော"

"မင်းသမီးမပါဘူး။ မင်းသားနှစ်ယောက်ကိုမှ Bromance ပုံစံရိုက်မှာ။ တစ်ဖက်ကောင်လေးက အခုမှပထမဆုံးရုပ်ရှင်ရိုက်မှာမလို့ မင်းကို တွဲခေါ်ပေးစေချင်နေတာ"

"ကျွန်တော်နဲ့ တွဲဖက်မင်းသားကရော"

"အဆိုတော် Ricky လေ။ ကောင်မလေးတွေကြား တော်တော်ရေပန်းစားနေတဲ့ တရုတ်ကောင်လေးလေ သိတယ်မလား "

Paradise Of MinamzWhere stories live. Discover now