Part-44(Zawgyi & Unicode)

12.7K 556 30
                                    

Unicode

အမြင်တွေဝိုးတိုးဝါးတားမှာ ဒီအခိုက်အတန့်ကိုရပ်တန့်ဖို့ ကံကြမ္မာက ဇိမ်းကိုရွေးချယ်ခွင့်မပြုလာပေ။ဇိမ်းဟာ ခေါင်းမာတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ယခုလက်ရှိခံစားနေရတဲ့နာကျင်မှုကိုတော့ ဇိမ်းရဲ့ခန္ဓာကိုယ်က ရင့်ကျက်နိုင်စွမ်းမရှိတော့ပေ။
မြေပြင်မှာ သန္ဓသားလောင်းလေးလိုကွေးကွေးလေးဖြစ်လို့နေသည်။ ဦးခေါင်းထက်ကိုအကာအရံပြုမိထားတဲ့ လက်နုနုတွေက ရိုက်ချိုးခံလိုက်ရသလိုခံစားရသည်။

တစ်ကိုယ်လုံး နာကျင်လိုက်တာ...ဒီနာကျင်မှုမျိုး ထပ်မခံစားမိရ‌စေဖို့...ဇိမ်းဘာလုပ်ရမလဲဟင်၊ အကြောင်းအရင်းမရှိရိုက်နေတဲ့ဒီလူ့ကိုဘဲခြေထောက်ဖက်ပြီးတောင်းပန်ရမလား။ဟင့် အင်း ဇိမ်းတောင်းပန်ချင်တောင်တောင်းပန်ဖို့တောင် အားမရှိတော့တာကို ဘယ်လိုတောင်းပန်နိုင်မှာတဲ့‌လဲ။

ဒီလောက်မရမက ကာကွယ်ထားတာတောင် ဇိမ်းရဲ့မျက်ဝန်းလွှာတွေထဲ အနီရောင်တွေစီးဆင်းလာနေတယ်။ တောင့်ခံထားဖို့မဖြစ်နိုင်တော့တဲ့ဒီအခိုက်  အတန့်၊ ဇိမ်းမျက်နှာမှာ စိုစွတ်လာခဲ့တဲ့အရေတွေဟာ မျက်ရည်တွေလား၊သွေးတွေလားဆိုတာ ဇိမ်းဦးနှောက်ကမထုတ်ဖော်နိုင်တော့ပေ။

အသက်မျှင်မျှင်လေးကို လုရှူနေရင်း၊ဦးခက်ကိုထားသွားရမလားတော့တောင် မသေချာတော့ ဒီအခိုက်အတန့်လေးမှာ ဇိမ်းချောက် ကမ်းပါးထဲပြုတ်ကျတော့မယ့် အတောင်ကျိုးတဲ့ငှက်ငယ်လေးလိုဘဲ။

အသက်ရှူသံမျှင်မျှင်လေးကိုရပ်တန့်သွားမှာကိုတောင် ဇိမ်းကြောက်ရွံ့နေမိသည်။

"ဒက်ဒီ!!..ဒိုရာ့ကို ဒီကပြန်ရင် Candy တွေဝယ်ကျွေးရမယ်နော်။"

"ဟုတ်ပါပြီ Dora Princess လေးရဲ့"

"ဒက်ဒီ!!..ဟိုမှာ ဟိုမှာသွေး...သွေးတွေ"

သမီးရဲ့အလန့်တကြား လက်ညိုးညွှန်ပြရာကိုသူကြည့်လိုက်သည်။ ချီထားတဲ့ သမီးငယ်ကို အောက်ချခဲ့ရင်း သူတစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့နေရာကိုပြေးသွားလိုက်သည်။

‌"ဟိတ်!!..မင်းဘာလုပ်နေတာလဲ။"

ကြားလိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့အသံ၊ သွေးတဲ့စိုစိနေတဲ့မျက်တောင်‌ရှည်တွေက ဘယ်သူလဲဆိုတာတောင်‌မကြည့်နိုင်တော့ပေ။ဘာတွေဆက်ဖြစ်နေလဲဆိုတာ
ဇိမ်း မသိနိုင်တော့ပေ၊ ဇိမ်းအရမ်းအိပ်ချင်နေပြီဖြစ်သည်။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now