Part-32(Zawgyi & Unicode)

17.2K 721 70
                                    

Unicode

ညတော့ လုံးဝမအိပ်ဘူးလို့ပြောတဲ့ကလေးက အခုများတော့ စကားပြောတာများပြီးသူ့ရင်ခွင်ထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး အိပ်ပျော်နေပြီဖြစ်သည်။ သူ့ကိုမေးတဲ့မေးခွန်းတွေကလည်း ချစ်စရာမေးခွန်းလေးတွေဖြစ်သည်။ သူဖြင့် ဒီလောက်ထိဒေါသ ကြီးတတ်တဲ့ ဇိမ်းက ဒီလိုနူးညံ့ပြီးအကောင်ပေါက်လေးလို ချစ်ဖို့ကောင်းမယ်မှန်းမသိခဲ့ပေ။ ညဉ့်နက်သန်းခေါင်ရဲ့အချိန်တို့ကုန်‌ဆုံးသွားတာတောင် နူးနူးညံ့ညံ့ပါးပြင်ပေါ်က လက်ရာလေးကအနည်းငယ်နီနေသေးသည်။

ပါးပြင်လေးကိုထိတွေ့မိရင်း အိပ်မပျော်နိုင်ဖြစ်နေရသူမှာသူသာဖြစ်သည်။ ဇိမ်းပါးလေးပေါ်တင်ထားတဲ့ သူ့လက်ကလေးကို ဇိမ်းကရုတ်တရက်ဆွဲယူလာသည်။ထို့နောက် သူမရဲ့ရင်ဘတ်နားသို့ ထိုလက်ကိုဖိကပ်လိုက်သည်။ ခက်နောင်ချို ကြယ်တွေ၊လတွေမြင်လိုက်သလိုခံစားလိုက်ရသည်။ဇိမ်း နိုးသွားမှာလည်းဆိုးတာကြောင့် ဖြေးဖြေးချင်းစီ သူ့လက်ကိုပြန်ဆွဲထုတ်ယူဖို့ ကြိုးစားလိုက်ပေမယ့် မလွတ်သွားတဲ့အပြင် ရင်သားနှစ်ခုကြားထဲထိ ထိကပ်သွားတဲ့ ထိုအထိ အတွေ့ကိုပါခံစားလိုက်ရသည်။ သူ့ရဲ့ဒီရက်တွေထဲ မြိုသိပ်ထားခဲ့တဲ့ ခံစားချက်‌လှိုင်းကပေါက်ထွက်လာမလိုပင်။

"ဟူး"

အသက်ကိုပြင်းပြင်းရှူထုတ်လိုက်လို့၊သူခဏလောက် ရှောင်တိမ်းမှအဆင်ပြေနိုင်လိမ့် မည်ဖြစ်သည်။ခက်နောင်ချို ခြေဖဝါးကိုခပ်ဖြေးဖြေးချင်းစီထောက်လို့ ထိုနေရာမှရေချိုးခန်းသို့အလျင်စလိုသွားလိုက်ရသည်။အပူတွေအေးအောင်လို့ သူရေအေးအေးလေးနဲ့ ချိုးချရမယ့်အချိန်ဖြစ်သည်။

ရေအေးတွေဖျာကျနေတဲ့အောက်မှာအသက် ကို ပင့်ရှူမိလိုက်တိုင်း အခုနေများသူ့အနား
ဇိမ်းရှိ‌ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ။သူ့ကျောပြင်ကို ဖက်တွယ်ထားခဲ့ဖူးတဲ့ လက်‌သွယ်သွယ်လေးတွေကို သူ့စိတ်ကူးအလွှာတွေထဲမှာ ပြန်လည်ရစ်ကြည့်နေမိသည်။ တော်တော်လေး တန်ဖိုးရှိတဲ့ရှေး ကျပန်းချီ တစ်ပုံဖြစ်ခဲ့တာဘဲ။ သူအခုလိုအပ်နေတာ သူ့ရင်ခွင်ထဲခိုးအောင်းတတ်တဲ့ ဇိမ်းကိုဖြစ်သည်။

11:11 {အချစ်တို့အစပျိုးချိန်}Tahanan ng mga kuwento. Tumuklas ngayon