Part-20(Zawgyi & Unicode)

14.7K 620 41
                                    

Unicode

ဇိမ်းနဲ့ဦးခက်တို့ restaurant ထဲကိုစကားတပြောပြောနဲ့ဝင်လာချင်းဖြစ်သည်။တဖြည်း ဖြည်းနဲ့ဇိမ်းတို့လားရာရဲ့ရှေ့တည့်တည့်မှာပေါ်လာနေသည့် ယုရဲ့ပုံရိပ်။

"ဇိမ်း ကိုယ်တို့အခြားဆိုင်ပြောင်းချင်လား"

ဇိမ်းရဲ့စိတ်ကိုသိတဲ့ ဦးခက်ကတော့ ဇိမ်းအတွက်ဘာကစိတ်အနှောက်အယှက်ဖြစ်စေလဲဆိုတာတန်းသိသည်။သို့သော်လည်း ဇိမ်းကတော့ခေါင်းခါပြလိုက်သည်။

"အင်း...ဇိမ်း သဘော။"

"ငါတို့အငယ်လေးပါလား"

ဇိမ်းရဲ့မျက်နှာဟာအခုနကဦးခက်နဲ့တုန်းကလိုမဟုတ် ခဏလေးတွင်းမှာတင်ချက်ချင်းဆိုသလိုတည်တံ့သွားသည်။ ယုကလည်း တတ်တတ်မတ်မတ်ပင် ဇိမ်းတို့ရှေ့ကိုလျှောက်လာနေသည်။

"အရမ်းချစ်ရတဲ့တစ်ဦးတည်းသောအဖိုးသေလို့ မစားနိုင်၊မအိပ်နိုင်၊ဝမ်းနည်းနေမယ်ထင်တာမဟုတ်ဘူးဘဲ။"

"အဲ့တာ နင့်စောက်ကြောင်းလား။"

"အို!...ဇိမ်းလေး ဒီလိုလူကြီးလူကောင်းကိုရှေ့မှာထားပြီးရိုင်းနေပြီပါ့။"

"အဲ့တာ ငါ့စောက်ကြောင်းလေ"

ခက်နောင်ချိုမှာ‌ဇိမ်းရဲ့ခွန့်တုန့်ပြန်စကား‌တွေကြောင့်ပြုံးချင်တဲ့တဲ့ဖြစ်သွားသည်။တစ်ခွန်းမကျန်ကိုပြန်ပြောနေပုံလေးကသူ့မျက်၀န်းထဲမှာ တစ်မျိုးလေးချစ်စရာဖြစ်နေသည်။

ယုကတော့ ဘာကိုမှဂရုမစိုက်တဲ့ပုံပင်၊သူမဟာအရာရာကိုအနိုင်ပိုင်းထားသလိုရုပ်နဲ့ဖြစ်သည်။ဟုတ်တာပေါ့ ယု မှမဟုတ်လူတိုင်းက Khar ရဲ့လျှို့ဝှက်ကိုယ်စားလှယ်အဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကိုသိကြတာမှမဟုတ်‌ ဘဲ။ဒါကြောင့်လည်း သူ့ကိုယ်သူ အိမ်ရှေ့စံမင်းသမီးလို့ထင်နေပုံပင်။

"ဇိမ်းလေး....နင် ဒီအမနဲ့တည့်အောင်နေသင့်တယ်မထင်ဘူးလား မကြာခင်မှာအပြောင်း အလဲတွေဖြစ်လာပြီး ငါတို့ရဲ့တည်ရှိမှုတွေကလည်း အရင်လိုမတူနိုင်တော့ဘူးလေ၊ငါကအမြင့်ပိုင်းမှာရှိနေရင်ရှိနေမှာ"

"ဟ!..ဟုတ်လှချည်လား နင်က Kharအတွက်ဘာတွေများစွမ်းဆောင်ပြထားလို့ နင့်ကိုမြင့်တဲ့နေရာပို့ပေးရမှာလည်း၊ နင့်ထက်တော်တဲ့လူတွေမှပုံနေတာလေ"

11:11 {အချစ်တို့အစပျိုးချိန်}Onde histórias criam vida. Descubra agora