Part-17 (Zawgyi & Unicode)

12.1K 622 59
                                    

Unicode

"ဒီ Luggage ကဘာလုပ်တာလဲ"

ဧည့်ခန်းရဲ့ဆိုဖာနားမှာချထားတဲ့ခရီးဆောင်အိတ်ကြောင့် ဇိမ်း မေးလိုက်တော့သည်။

"ဥက္ကဌကြီးကခရီးသွားရမယ်ဆိုလို့ ပြင်ထားတာ မမလေးရဲ့"

"ခရီးသွားရမယ်?..."

"ဟုတ်တယ် မမလေး။"

ဇိမ်းတစ်ယောက် ချက်ချင်းပင်၊အဖိုးရှိရာဆီသို့ ခြေလှမ်းတို့ဦးတည်လိုက်သည်။ခရီး သွားမည့်အကြောင်းဇိမ်းလည်းမသိရပါလား။

"ဖိုး!.."

"ပြောလေ ဇိမ်း‌ရဲ့"

"ခရီးသွားရမယ်ဆို ဘယ်ကိုလဲ၊ဇိမ်းလည်းဘာမှမသိရပါလား ဘယ်သူနဲ့သွားရမှာလည်း၊ဘယ်လောက်တောင်ကြာမှာလဲ"

"ဟုတ်တယ် ဖိုးခရီးသွားရမယ်မြေးရဲ့၊ တစ် ပတ် ဒါမှမဟုတ်ပိုသွားရင် နှစ်ပတ်လောက်ပါဘဲ မဖြစ်မနေသွားရမယ့်ရန်ပုံငွေပွဲတစ်ခုလေ တစ်နှစ်မှတစ်ခါဘဲကျင်းပတာဆိုတော့ သွားမှဖြစ်မယ်၊ မဟုတ်ရင် ဒီအဖိုးကြီးလူစုံရမယ့်နေ့ဝောာင်မလာနိုင်တော့ဘူးလားဆိုပြီး ဝိုင်းဟားနေကြမယ်။ ပြီးရင်အဲ့ဘက်က ကုမ္ပဏီခွဲကလည်း နည်းနည်းလေးပြသာနာတတ်နေတယ်ဆိုလို့လေ ဒီအဖိုးကြီးမျက်နှာ ပြရမယ်"

"သွားမှဖြစ်မှာလား၊ဘာဖြစ်လဲ အသက်ကြီးလာတာအပြစ်မှမဟုတ်တာ နားနားနေနေနေပါအုန်းလားဟင်"

"နားနားနေနေ?...အဖိုးသာ နားနားနေနေ နေလိုက်ရင် သူတို့စိတ်ကြိုက်ဂွင်တွေ့သွားလိမ့်မယ်ကလေးရဲ့ အခုတောင် ကူညီပြီးစီစစ်ပေးတဲ့လူတော်တွေရှိနေလို့ အဖိုးအသက်ရှူ ချောင်နေရတာ။ဇိမ်းလေးစိတ်ချပါမောင်သန့်လည်းပါတယ်ဘဲ၊ပြီးတော့ ဟိုမှာလည်း Khar ကလူတွေကြိုရောက်နေမှာ"

"‌ဦးမောင်သန့်ပါတာကပါတာဘဲလေ၊ ဒီလိုခရီးဝေးတွေမသွားဘဲ‌နေလို့မရဘူးလား"

"နင့်အဖိုး ကျန်းမာပါသေးတယ်၊ဒီကငဆိုးလေးကို ဆူဖို့အားတွေလည်းအများကြီးရှိသေးတယ်။"

"ဖိုးက ဇိမ်း စကားကိုဆိုဘယ်တော့မှနားမထောင်ဘူး၊ လုပ်ချင်တာ အမြဲလုပ်တယ်။"

11:11 {အချစ်တို့အစပျိုးချိန်}Wo Geschichten leben. Entdecke jetzt