Part-39(Zawgyi & Unicode)

12.5K 607 19
                                    

Unicode

ပွဲထဲကအနေအထားဟာ ဇိမ်းအတွက်သိပ်စိမ်းမနေပါ၊ ဒီအသိုင်းအဝိုင်းကလူတော် တော်များက ဖိုးနဲ့မကင်းတာကြောင့်ဇိမ်းနဲ့လည်း မစိမ်းခဲ့ပါ။ သူတို့နဲ့ စိမ်းနေတာဆိုလို့ ဇိမ်းရဲ့ပြောင်းလဲလာတဲ့ပုံရိပ်နဲ့အတူ ဇိမ်းရဲ့အမျိုးသားကိုသာဖြစ်သည်။ဇိမ်းရဲ့ အရင်ကဖန်တရာထပ်လဲလဲအကြောင်းအရာတွေက  တော့ သူတို့ပါးစပ်ဖျားမှာ ပြောစမက်တော့တွင်ခဲ့သည်။

ချစ်ရသူရဲ့ ထိတွေ့မှုထားမှုက လုံခြုံနွေးထွေးမှုလားလို့ မေးလာရင် ဇိမ်းခေါင်းတွင် တွင်ညှိတ်မိမှာသာဖြစ်သည်။ပွဲကလူတွေရဲ့အကြည့်တို့က ဇိမ်းတို့လင်မယားပေါ်ကိုသာရောက်ရှိနေတာတောင် ဦးခက်က ဇိမ်းရဲ့လက်ကိုဆုပ်ကိုင်ထားဆဲဖြစ်သည်။ ယခုလောလောဆယ် ဦးခက်ရဲ့ လက်ဖဝါးပြင်ထံထွေးယှက်ခံထားရဲ့ လက်သွယ်သွယ်က ဇိမ်းတစ်ကိုယ်လုံးကိုလုံခြုံမှုအသွင်သွင်တို့ စီးဆင်းစေနေသည်။

"ခက်နောင်ချို"

ဦးခက်ကိုနှုတ်ဆက်ရင်း ဇိမ်းတို့ဆီလျှောက်လာနေတဲ့လူက ဦးခက်တို့ဆေးနယ်ပယ်ထဲကသာဖြစ်သည်။ဒီလူက Khar Hospital နဲ့အပြိုင်ယှဉ်ပြိုင်နေတဲ့ထိပ်တန်း Hospital တွေထဲက အင်အားကြီးပြိုင်ဖက်ဥက္ကဠတစ်‌ ယောက်ဖြစ်သည်။

"စီနီယာ"

"ဒီအသံဘဲ...ပျောက်ချင်းမလှပျောက်နေတာ ကောလဟာလေတွေမယုံဖြစ်နေတာ မင်းလိုလူက စီးပွားရေးလောကထဲဇောက်ချပြောင်း သွားတယ်ဆို၊ငါတို့နှမြောရအောင်လို့ မလုပ်စမ်းနဲ့ကွာ"

"ကိစ္စလေးတွေရှိလို့ပါ"

"အင်း။ မင်းကိစ္စတွေမြန်မြန်အဆုံးသတ် Khar ဆိုတာမှာမင်းရှိမှပြည့်စုံတာ၊ဒါမှ ငါတို့ဆေးလောကလည်း မြိုင်ဆိုင်နေတာ"

ခက်နောင်ချို သူ့စီနီယာရဲ့စကားတို့ကိုကြားတော့ လွန်ခဲ့တဲ့လတွေကပင် အစားမေ့၊အအိပ်မေ့ ဆေးရုံမှာပြေးလွှားနေခဲ့တဲ့သူ့ပုံရိပ်တို့ကအတွေးထဲဖျက်ကနဲပေါ်လာခဲ့သည်။ သူ သဘောတကျနှစ်သက်ခဲ့ရတဲ့အလုပ်က သူ့လူနာတွေနဲ့ဆက်သွယ်မှုလေးတွေပါဘဲ။ သူအတော့်ကို ပင်ပန်းခဲ့ရသလိုအတော့်ကိုစိတ်ဖိအားဒဏ်တွေ ခံခဲ့ရပေမယ့် လူတွေရဲ့ရှင်သန်ကြိုးလေးတွေကို ဆက်ပေးနိုင်ခဲ့တဲ့
အချိန်တွေဟာ သူ့အတွက် ရှင်သန်ရကျိုးနပ်တဲ့အချိန်တွေဖြစ်သည်။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now