Part-31(Zawgyi & Unicode)

14.9K 755 65
                                    

Unicode

စက္ကန့်အတွင်း လည်ထွက်သွားတဲ့မျက်နှာလေးကပူပြီးကျင်တတ်ကာ စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။ခံစားရတဲ့ ထိုစပ်ဖျင်းဖျင်းခံစားချက်ထက် ပူထူသွားတဲ့စိတ်၊ကိုယ်ချစ်ရတဲ့လူရှေ့မှာအစော်ကားခံလိုက်ရတဲ့စိတ်တို့ကမြင့်တက်သွားသည်။အမှားတောင်‌ မပြောနဲ့ ရန်သူဖြစ်သူကိုလိုက်ကူညီပေးဖို့ပါလာတဲ့ ဇိမ်းက ဒီလိုဆက်ဆံခံရမှုခံရသင့်သားလားဆိုတာမသိပေ။

ဦးရဲသုတ လှည့်ကြည့်မိလိုက်သည်။သူ
ယုကိုဘဲ မဲနေတာမို့ဇိမ်းခါနွယ်ရှိနေမှန်းတောင်မသိလိုက်ပေ။ အဖြစ်ပျက်တို့ကြောင့်သူ့မျက်ခုံးတွေတွန့်ကျိုးသွားသည်။အခုက
သူ့မိန်းမကဒီကောင်မလေးကို ရိုက်လိုက်ချင်းဖြစ်သည်။အဓိပ္ပါယ်များစွာနဲ့ထိုကောင် မလေးရဲ့မျက်ဝန်းတွေကသူ့ကို ကြက်သီးဖြန်းဖြန်းထစေသည်။ သူ့စိတ်ရဲ့အတွင်းပိုင်းထဲကနက်နက်နဲနဲတစ်စုံတစ်ရာစွဲကိုင်လှုပ်နိုး လိုက်သလိုပင်။

ဘာတွေဖြစ်နေတာလဲ ဒီကောင်မလေးက သူ့သွေးသားမှမဟုတ်ဘဲ။

အရှိန်နဲ့လျှောက်လာတဲ့ ခြေလှမ်းကျယ်တို့က ဇိမ်းရှေ့က ယုအမေကို တွန်းထုတ်လိုက်သည်။ ဦးခက်က ဇိမ်းဘက်ကိုလှည့်ကြည့်ရင်းရိုက်ခံလိုက်ရတဲ့ပါးပြင်လေးကို လက်ဖ ဝါးပြင်နဲ့ထိတွေ့လာသည်။ထိုအခိုက်အတန့် ဦးခက်ရဲ့ လက်တွေတုန်ခါနေတယ်ဆိုတာကိုဇိမ်းသတိထားမိလိုက်သည်။

အမြဲလိုလို ဓားကိုကျွမ်းကျင်စွာကိုင်ပြီးသွေး အေးအေးနဲ့ခွဲစိတ်မှုတွေကိုကိုင်တွယ်ခဲ့တဲ့ဦးခက်ကအခုတော့ တုန်လှုပ်သွားသလိုပင်။ဇိမ်းမြင်နေကျ အညိုရောင်မျက်ဝန်းလှလှတွေကတစ်ခနအတွင်းမှာပင် မာန်မဲတတ်တဲ့ သားရဲတစ်ကောင်ရဲ့စိုးထိတ်ဖွယ်ရာမျက်ဝန်း တစ်စုံသို့ တမုတ်ချင်းပြောင်းလဲသွားသည်။သို့သော် ရိုးအလွန်းခဲ့တဲ့ဦးခက်ကိုဇိမ်းမုန်းမိသည်။ ဦးခက် ဒီမိန်းမကိုခေါ်လာလို့ ဇိမ်း အခုလိုခံလိုက်ရတာ၊ ဦးခက်က ဇိမ်းစကားကိုမှနားမထောင်ဘဲ။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ။"

ယု အမေရဲ့အနားကိုကပ်သွားကာ အေးစက်
၍စိုးထိတ်စရာ အမူအရာနဲ့မေးလာခဲ့သည်။အသံအနေအထားဟာ အတွေးများနေတဲ့
ဇိမ်းကိုပင်တုန်လှုပ်သွားစေသည်။

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now