Part-6 (Zawgyi & Unicode)

13.7K 650 74
                                    

Unicode

ဒိုင်ခွက်အညို၊ကြိုးအနက် လက်ပတ်နာရီရှိရာ ဘယ်ဘက်လက်ကောက်၀တ်နေရာလေးကို ညာလက်တစ်ဖက်ရဲ့လက်‌နှစ်ချောင်းနဲ့အနည်းငယ် မတင်၍ကြည့်လိုက်တော့ ည (11) နာရီဆိုတဲ့အချိန်ဖြစ်နေပြီဖြစ်သည်။ ဒါက သူ့အတွက်တော့ပုံမှန်ပြန်နေကျ အချိန်လိုကိုဖြစ်နေသည်။ ထို့နောက်မှာတော့ သူ့ရဲ့ ဂျူတီကုတ်အဖြူလေးကို အင်္ကျီချိတ်သည့်တိုင်မှာချိတ်လိုက်သည်။

အခန်းထဲပျံ့နှံ့နေသည့်ထင်ရှူး‌နံ့‌အမွှေးခဲလေးကိုသတိရစွာငြှိမ်းလိုက်သည်။ ဒီအမွှေးခဲလေးက သူ့ရဲ့လူ‌နာတစ်ယောက်က သူ့ကိုအထူးလုပ်ပေးထားခြင်းဖြစ်သည်။ပုံမှန်အနေ အထားဆိုသူဟာ လူနာတွေပေးသည့် မည်သည့်လက်ဆောင်မျှ မယူတတ်ပေမယ့် ထိုမိန်းမငယ်လေးကတော့ချွင်းချက်တစ်ခုဖြစ် သည်။ ပြီးနောက်မှာတော့သူ့ရဲ့လယ်သာအထူးပြုကျောပိုးအိတ်လေးကိုကျောပြင် ကျယ်၌လွယ်လိုက်သည်။

"ဒေါက်တာ ပြန်ပြီလား"

"ဟုတ်ကဲ့ ပြန်တော့ဖို့၊ ဒါဆို ဂရုစိုက်လိုက်ကြအုန်းနော်"

"ဟုတ်ကဲ့ ဒေါက်တာလည်းဂရုစိုက်ပြန်ပါ"

"OK ပါ။"

ဆေးရုံရှေ့ကားပါကင်ထောင့်နားမှာ ရပ်ထားတဲ့ စက်ဘီးအနက်လေးကိုထုတ်လာလို့၊အိမ်ပြန်လမ်းအတိုင်း သူနင်းလာခဲ့လိုက်သည်။

အဆင့်မြင့်အဆောက်အဦးရှေ့၊ လမ်းမကြီးဘေး၌ ဇိမ်ခံကားလေးတစ်စင်းရပ်လို့ထား သည်။ အမျိုးသမီးငယ်လေးတစ်ယောက်က မောင်းသူနေရာမှာထိုင်လို့၊ ထိုအမျိုးသမီးကပင် အပြင်ဘက်မှကားတစ်ခါးကိုမှီ၍ရပ်နေသည့် အခြားအမျိုးသမီးလေးကိုပြန်ဖို့ တ တွတ်တွတ်ပြောနေသည်။

"ဇိမ်းရယ်...လာပါပြန်ရအောင်၊ ဒေါက်တာလည်းရှိမယ့်ပုံမပေါ်ဘူး။"

"ရှိပါတယ်ဆို၊ သဒ္ဒါကလည်းဟာ..."

"ရှိလည်း ဒီအချိန်ဆိုနားလောက်ပြီပေါ့ဟ၊အဲ့တာကြောင့် အများကြီးမသောက်ဖို့ပြောတာ၊ အခုတော့ ပြောမရ၊ ဆိုမရ ဖြစ်နေပြီ။"

"ငါသိတယ်၊ ငါ သူနဲ့တွေ့ရမှာ။"

"ဇိမ်း!..နင်အခု ကားပေါ်တက်မလာရင်၊ငါ
ဖိုးသုတ ကိုဖုန်းဆက်ပြီးလူလွှတ်ခိုင်း‌ရတော့မယ်။"

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now