Unicode
နေ့လည်စာအတွက် ဦးခက် ဘိုကင်တင်ပေးထားတဲ့ဆိုင်ရှိရာသို့ ဇိမ်းတို့ထွက်လာလိုက်ကြသည်။ ဦးခက် မေမေနဲ့မမအပြင် ကိုဖြိုးဇာနည်လည်း ပါလာသည်မို့ဇိမ်းအတွက် ဒီအခြေအနေမှာအနည်းငယ် အသက်ရှူချောင်ရသည်။ ဦးခက် ကတော့ အလုပ်တစ်ဖက်နဲ့ဖြစ်နေသည်မို့ရောက်ချလာဖို့ကို တသတ်မတ်ထဲ မျှော်မှန်းထားလို့မရပေ။
"အကို ရောက်လာမယ်တဲ့မလား ဇိမ်း။"
"အင်း...အလုပ်စောစောပြီးရင်တော့လာခဲ့မယ်ပြောတယ်ဒါပေမယ့် မမျှော်တာဘဲကောင်းတယ်။"
"အဲ့တာဘဲ အမေဖြစ်သူကတွေ့ဖို့ဟိုးကနေဒီထိ ရောက်လာတာတောင် သူ့မှာထမင်းတစ်နပ်အတွက်အချိန်မလောက်ငှဖြစ်နေတာ။"
ဦးခက်မေမေရဲ့စိတ်တိုင်းမကျသလို အပြောမှာဇိမ်းဟာ အနည်းငယ်တုန့်ဆိုင်းသွားရသည်။ ဦးခက် မေမေဘက်ကကြည့်ရင်လည်း ဒါဟာပြောချင်စရာကိစ္စဖြစ်နေသည်။
"ဟို...ဦးခက်က ဇိမ်းကိုမှာသွားတယ်၊သူ အချိန် မှီအောင်လုပ်ပြီး လာနိုင်အောင်လာခဲ့မယ်တဲ့။"
"ပုံပြင်တွေ အဲ့တာ၊ သူ ဆေးရုံမှာနေ့မအား၊ညမအား ဖြစ်နေတုန်းကလည်း အဲ့လိုဘဲ အမေဖြစ်သူက သူ့မျက်နှာလေးတွေ့ရဖို့အရေး သူ့ခွဲခန်းရှေ့မှာပါ ထိုင်စောင့်ရတဲ့အဖြစ်၊ မသိပါဘူး...အရင်ဘဝက ရန်သူတွေများဖြစ်ခဲ့လားမသိ မျက်နှာချင်းဆိုင်ဖို့ တော်တော့်ကိုခက်ခဲတာဘဲ။"
"မေမေရယ် ဒီကောင်လေးကငယ်ငယ်ထဲကအဲ့လိုဘဲကို တစ်ခါတည်းတစ်အိမ်ထဲနေပြီး သူ့မျက်နှာလေး မြင်ရဖို့အရေးသူစာလုပ်လို့မပြီးမချင်းထိ သူ့အခန်းရှေ့ထိုင်စောင့်ရတာလေ၊ တစ်ခါတစ်လေ ထမင်းမေ့ဟင်းမေ့မို့ လွှမ်းတို့ အမေဆို သူ့ကိုထမင်းပါလိုက်ခွံ့ကျွေးရတာ။"
"လွှမ်းလေးအမေနဲ့ ဦးခက်နဲ့ကတော်တော်လေးရင်းနှီးခဲ့ပုံဘဲ။"
ကိုဖြိုးဇာနည်က စကားဝိုင်းလေးကိုထောက်လို့ အမေးစကားစတင်လာသည်။
"အင်း...သူတို့နှစ်ယောက်ကတော်တော်လေးရင်းနှီးကြတာ ငယ်ချိုကအားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့အပြင်၊မောင်နှမတွေအားလုံးနဲ့ အသက်ကကွာဝောာ့ အထွေးလေးလိုကိုဖြစ်ခဲ့တာ၊ လွှမ်းလေး အမေက တော့ ငယ်ချို့အနွံတာအခံဆုံးနဲ့အချစ်ဆုံးဘဲလေ၊အင်း...လွှမ်းလေးကသူ့အမေဆီက ဝါသနာ အမွေရတယ်ဘဲပြောရမလား သူတို့က ငယ်ငယ်ထဲကအိမ်ကမသိအောင် ဘောလုံးသွားခိုးကန်နေကြလေ....လွှမ်းလေးမိဘတွေဆုံးတော့ လွှမ်းလေးက ငယ်ချိုရဲ့အသက်ဖြစ်လာတာဘဲ။"
VOUS LISEZ
11:11 {အချစ်တို့အစပျိုးချိန်}
Roman d'amour(Unicode) များသောအားဖြင့်သူ့ရဲ့အချိန်တွေကို သူ့ရဲ့လူနာတွေဆီမှာသာမြှုပ်နှံထားခဲ့သည်မို့ ဘ၀ဟာ ဗလာနတ္ထိဖြစ်မှန်းမသိဖြစ်နေခဲ့ရသည်။ ဒီလိုအေးတိအေးစက် 'ခက်နောင်ချို' ရဲ့ ဘ၀အချိုးအကွေ့ထဲ ပြသနာမလေးတစ်ယောက် စတင်၀င်ရောက်ခဲ့တဲ့အချိန်လေးက ^ 11:11 ^ တဲ့...... ...