Part-10(Zawgyi & Unicode)

11.9K 568 50
                                    

Unicode

သူစိမ်းဖြစ်ကာစိမ်းသက်သက်ဖြစ်နေတဲ့ ဇိမ်းတို့နှစ်ယောက်သားဟာတိတ်ဆိတ်လွန်းလှသည့် Kitchen ခန်းတွင်သာရှိသေးသည်။မနက်ဘက်အချိန်ဟာတိတ်ဆိတ်ငြိမ်သက်နေလွန်းတာမို့ နာရီလက်တံအသံလေးကတောင်အခန်းထဲပဲ့တင်ထပ်နေသည်။

"ရော့"

ဇိမ်းလက်ထဲသို့ကမ်းထည့်ပေးလာသည့်ပျား သံပုရည်တစ်ခွက်၊ အခုဇိမ်းနဲ့စကားပြောနေတုန်းမှာပင် ဒီလူဟိုဘက်လှည့်ပြီးတလှုပ် လှုပ်နဲ့အလုပ်ရှုပ်နေတာကဒီပျားသံပုရာလေးအတွက်တဲ့လေ။

"ဇိမ်းခါနွယ် ညကအရှိန်နဲ့ခေါင်းကိုက်နိုင်တာမလို့၊ ဒါ‌လေးသောက်ချလိုက်။"

ဇိမ်းတစ်ယောက် ထိုလူ့ကိုကြည့်ရင်းခေါင်းတစ်ချက်ညှိတ်ပြလိုက်ကာ ပျားသံပုရာခွက်လေးကိုလက်လှမ်းယူလိုက်သည်။ ဒီလူဟာအခုထက်ထိ ညကဖြစ်ပျက်ခဲ့တဲ့စိတ်ပျက်စရာကိစ္စအတွက်ဇိမ်းရဲ့အပြုအမူတို့ကို ပြစ် ချက်မတင်သလို၊ မည်သည့်အမေးမေးခွန်းမှလည်းမမေးပေ။

"ဇိမ်းခါနွယ် ကျွန်တော်နဲ့လိုက်ချင်တယ်ဆိုတာသေချာလို့လား ခရီးလမ်းကဇိမ်းခါနွယ်ထင်ထားသလိုမဟုတ်ဘူး ဒါကြောင့်ဇိမ်းခါနွယ်နဲ့အဆင်မ‌ပြေမှာကိုစိုးရိမ်လို့ပါ။"

"သေချာတယ် ဇိမ်း ဒေါက်တာနဲ့လိုက်ခဲ့မှာ"

ဇိမ်းကျိန်းသေကိုဒေါက်တာနဲ့လိုက်သွားမှဖြစ်သည်။ညက ဖြစ်ပျက်ခဲ့တဲ့အကြောင်းအ ရာတွေနဲ့ပတ်သတ်ပြီး ပြောဆိုဝေဖန်လာမယ့်လူတွေရဲ့အပြုမူတွေနဲ့စကားလုံးတွေကို မကြားချင်သလို၊ ဒီအ‌နားကနေ စိတ်လက်လွတ်ကင်းစွာခဏတာမျှရှောင်တိမ်းသင့်သည်ဟုဇိမ်းထင်မိသည်။

"ဇိမ်းခါနွယ်ဘက်က ဒီလောက်ထိကျိန်းသေနေတယ်ဆိုလည်းသဘောပါဗျာ။ဒါဆိုလည်း ကျွန်တော်တို့ခဏနေ 5 နာရီထိုးတာနဲ့စထွက်မယ် ဒါပေမယ့် အရင်ဆုံး..."

ထိုလူကြီးကပြောလက်စ စကားကိုဖြတ်တောက်ချလိုက်ကာ၊ဇိမ်းရဲ့ခေါင်းအစခြေအဆုံးပုံစံကို မျက်လုံးဝေ့ကာတစ်ချက်ကြည့်ပြီး၊ အဆင်မပြေဟန်လှောင်ပြုံးပြုံးလာသည်။

"အရင်ဆုံး အရင်ဆုံးကဘာဖြစ်လဲ...ဆက်ပြောလေ ဒေါက်တာ"

"ဇိမ်းခါနွယ်ရေချိုးလိုက်သင့်တယ်လို့ ကျွန် တော်ထင်တယ်၊ပြီးတော့ခေါင်းလည်းဖီးသင့်တယ်"

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now