Part-8 (Zawgyi & Unicode)

11.8K 529 43
                                    

Unicode

ဒီတစ်ပတ်ရဲ့အချိန်ဇယားကိုတော့ ခက်နောင်ချို မပိုင်ဝောာ့ဟုဆိုရမည်။ ဒီအပတ်ထဲမှာ ဥက္ကဌကြီးရဲ့မွေးနေ့ပွဲရှိနေသည့်အပြင်၊‌
ဥက္ကဌကြီးမွေးနေ့အပြီးနောက်နေ့ကျ သူသွား ရောက်နေကြ နယ်ဒေသလေးကိုသွားရမည်ဖြစ်သည်။ ထိုဒေသလေးဟာ အခုမြို့ကနေဆို 5 နာရီလောက်ကားမောင်းရမည်ဖြစ် သည်။သူဟာတစ်လကိုတစ်ကြိမ်တော့ထိုမြို့ လေးက လူနာ‌တွေကိုသွားရောက်ကြည့်ပေးတတ်သည်။ မြို့ငယ်လေးကလည်း အခုနေထိုင်ရာမြို့ကြီးလိုရှုပ်ရှက်ခက်ပြီး မွန်းကြပ်‌
မနေတာကြောင့် သူအနားယူတတ်ရာ နေရာငယ်လည်းတစ်ခုလည်းဖြစ်လာသည်။

အခုတော့ ဆေးရုံရဲ့ကန်တင်းထောင့်တစ်နေ ရာမှာ သူရဲ့လုပ်ဖော်ကိုင်ဖက်တစ်‌ယောက်နဲ့အတူ နေ့လည်စာထိုင်စားနေခြင်းဖြစ်သည်။ သူ့ရှေ့ကလူကလုပ်ဖော်ကိုင်ဖက် ဆိုသလို သူငယ်ချင်းလိုလည်းရင်းနှီးရသူလည်းဖြစ် သည်။ အသက်အရွယ်လည်း လပိုင်းမျှသာကွာသောကြောင့်သူတို့ရဲ့ နေထိုင်မှုပုံစံကပါအနည်းငယ်ဆင်တူလှသည်။ သူရော၊ထိုသူ ငယ်ချင်းကရော ရေခဲတုံးတိဖြစ်တာကြောင့် ဆေးရုံက ဆရာ၀န်တွေနဲ့အခြားသောလူတွေရဲ့လူရှိန်ခြင်းကိုလည်းအလိုလိုခံရသည်။ အပေါင်းအသင်းနည်းတဲ့ သူတို့နှစ်ယောက်ဆက်စပ်မိသွားပြီး၊သောက်ဖော်သောက်ဖက် ရင်းနှီးမှုအထိရှိလာကြသည်။ သူတို့နှစ်ယောက်ရဲ့ဆရာတစ်ပါးကတော့ ဟိုကောင် ဖြိုးဇာနည် သာဖြစ်သည်။

"မင်း ဒီတစ်ပတ်ဟိုကိုသွားမှာလား"

ရိန်းတစ်ယောက်ရှေ့ကသူငယ်ချင်းဖြစ်သူကိုမေးလိုက်သည်။

"အင်း၊ အရင်အစီစဉ်အတိုင်းဘဲလေ မင်းဘာမှာစရာရှိလို့လဲ"

"ငါ ဒီတစ်ပတ် အဲ့ရွာကကျောင်းလေး အ တွက်လိုအပ်တဲ့စာသင်အထောက်အကူးပစ္စည်းအချို့ကိုထည့်ပေးလိုက်ဖို့မင်းယူသွား ဖို့အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်၊ ကားနဲ့ငါတစ်ယောက်ထဲဘဲသွားမှာဆိုတော့လေ"

"မင်းကဘယ်နေ့သွားမှာလဲ"

"စနေနေ့မနက်(5) နာရီလောက်ထသွားမှာ"

"အင်း ဒါဆိုသောကြာနေ့ညကျ ငါမင်းကွန်ဒိုကိုလာခဲ့လိုက်မယ်‌လေ ပစ္စည်းတွေပေးဖို့"

11:11 {အချစ်တို့အစပျိုးချိန်}Where stories live. Discover now